Monday, October 19, 2009

Go Back Home



အိမ်အပြန်

ကျင်လည်ခဲ့တာ များလာပြန်တော့
ရောက်တဲ့နေရာ ရင်းနှီးလာပြီ။

ငါ့ရဲ့စိတ်တွေ ရွေ့ရာကိုတော့
ငါ့ခြေလှမ်းတွေ ကပ်မလိုက်ချင်ပြီ။

ငါ့နှလုံးသား ဦးတည်ရာတော့
အပြေးလှမ်းပြီး သွားချင်မိပြီ။

အိမ်ပြန်ဖို့အရေး မျော်ကာငေးတော့
သုံးလေးရက်သာ ကျန်ပါတော့ပြီ။

ရောက်ချင်လိုဇော ဖန်လာများတော့
သူ့အလိုလို ရက်ကပ်လာပြီ။

ရောက်ချင်လွန်းလို့ စောင့်ရပြန်တော့
ငါ့ရင်ဘတ်တွေ လေးလွန်းလှပြီ။

စောင့်တဲ့ရက်ကို ရောက်လာပြန်တော့
ပြန်ရမည့်အရေး တွေးပူမိပြီ။

ဘာဖြစ်ဖြစ်ပါ ပြန်ရမည်မို့
ငါ့မြေ ငါ့ရေ ရောက်ချင်လှပြီ။

စောင့်မျော်ကြသူ ဇနီးနဲ့သား
အမျိုးများကို မြင်ချင်လှပြီ။

တကယ်ရောက်တော့ ဒုံရင်းဒုံရင်း
င့ါမြင်ကွင်းကြောင့် ပြန်ပြေးချင်သည်။

(ခရာလင်း)



4 comments:

  1. မြင်ကွင်းတွေက ဒုံရင်း ဒုံရင်း ဟုတ်လို့လား အကိုရာ
    ပိုပိုပီး ဟောင်းနွမ်းသွားတာ မဟုတ်ဘူးလား :(
    ဘာပဲဖြစ်ဖြစ် ချစ်တဲ့ ဇနီး သားသမီးတွေဆီ အပြန်လမ်းက အလွမ်းတွေတော့ ပြေလောက်ပါရဲ့နော် :)

    ReplyDelete
  2. ဘာပဲအဖြစ်ဖြစ်အပျော်တွေ မေတ္တာတွေတော့ ရှင်သန်နေဦးမှာပါ

    ReplyDelete
  3. ပြန်ပြေးချင်တာ အကိုတစ်ယောက်တည်းဟုတ်ဘူး...
    ငဇော်လဲပါသေးတယ်...
    သူကတော့ခြင်ကိုက်လို့တဲ့....
    မြန်မြန်ပြန်လာတော့နော်...

    ReplyDelete
  4. လွမ်းသမျှ အတိုးချ ဂရုစိုက်
    ပြန်ချင်တန် မပြန်ချင်ဖြစ်

    ReplyDelete