Saturday, March 27, 2010

တိမ်ဝှက်တဲ့လမင်း



တိမ်ဝှက်တဲ့လမင်း

လသာတဲ့ညမှာ ငါကျရှုံးခဲ့တယ်။
ငါကမှ
နေရဲရဲ သေရဲရဲ မဟုတ်တာ။

မာန်ပျိုတံခွန် လွှင့်ထူလို့
ဖန်တရာ ထပ်အောင်ပွေးခဲ့တယ်။
ဒီသံသရာ အချစ်ကျော့ကွင်းမှာ
ဝပ်ဆင်းကာမျော။

ရမက်ကြောင့်ရလဒ်
အပြစ်ကြောင့် ဒဏ်ခတ်ခံရတယ်
ဘယ်ညာပြန် ကြောမဆန့်နိုင်အောင်
တိမ်သွားတဲ့လမ်းမှာ
လမင်းကို ကာစင်တင်
ကြိုးပေးသတ်တယ်
ဒီတကြိမ်လည်း သေရပြန်ရော။

ချမ်းဧအိမ်