Saturday, October 15, 2011

အော်ပရေးရှင်း

အချစ်ဆိုတာ...
ထက်ရှတဲ့ဓါးတစ်လက်ပေါ့။
ကောင်မလေးရယ်
မင်းရဲ့သိမ်မွေ့တဲ့လက်တွေနဲ့
ဓါးထက်ထက်ကိုင်ရင်း
ကြေကွဲနေတဲ့နှလုံးသားပိုင်ရှင်
ဒီလူကို
ခွဲစိတ်လို့ပြုပြင်
ကုသလို့ပြင်ဆင်ပါတော့...
ခွဲစိတ်ရင်း... စိတ်ခွဲရင်း...
နောက်ဆုံးမှာတော့
သြော်...ဘရူးတပ်(စ်)... မင်းလည်းပါတာကိုး...
 
Poe Si

ပိုစ့်တွေမတင်ဖြစ်တာကြာတော့ ကဗျာလေးတစ်ပုဒ် တင်လိုက်ပါတယ်။

1 comment:

  1. ဒကာလေး ကိုချမ်းလင်းနေရေ မင်္ဂလာရှိသော နံနက်ခင်းလေးပါကွယ်။ အစဉ်အမြဲ သတိရလို့ နေပါတယ်။ အလုပ်တွေရှုပ်နေတယ် ထင်ပါ့။ မတွေ့တာလည်း ကြာလှပေါ့။

    တကယ်တော့ အချစ်ဆိုတာ
    ထက်ရှတဲ့ ဓားတစ်လက်ပါလား။

    ReplyDelete