လောကမှာနှာခေါင်းနဲ့အသက်မရှုပဲ
တစ်ယောက်နဲ့တစ်ယောက်
တစ်ယောက်ကဘာလုပ်နေတယ်ဆိုတာကိုကြည့်ပြီး
တစ်ယောက်ကဝေဖန်ရင်း
မျက်လုံးတွေနဲ့အသက်ရှုကြတယ်...
အဟာရပြည့်တဲ့နို့တစ်ခွက်အစား
အမြင်ကောင်းအောင်လုပ်ထားတဲ့
အမှိုက်သာသာမုန့်ပဲသရေစာတွေနဲ့တင်းတိမ်လို့
ပသာဒနဲ့အဟာရလဲလှယ်ကြတယ်...
မူလီတစ်လုံးလောက်တောင်မှ
အသုံးမဝင်တဲ့သတ္ထုတွေကို
လည်ပင်းမှာဆွဲပြီး
ခေါင်းမငြိမ့်တတ်တော့လောက်အောင်ကို
မျက်လုံးတွေနဲ့တန်ဖိုးသတ်မှတ်ကြတယ်...
အားနည်းတဲ့လက်တစ်စုံကိုငြင်းပယ်လို့
အရေပြားတစ်ထောက်စာအလှအတွက်
ဘဝကိုအရောင်းအဝယ်လုပ်လို့
မျက်လုံးကိုအစာကျွေးတတ်ကြတယ်...
ကဗျာတစ်ပုဒ်ဖတ်ဖို့ထက်
မဲပြာပုဆိုးခိုးခိုးခစ်ခစ်ကိုမှ
ရင်ခုန်အောင်ကြည့်ပြီးအလွမ်းတွေဝေနေအောင်ခံစားရင်း
မျက်လုံးကိုမျက်ရည်ကျခိုင်းတတ်ကြတယ်...
ခုန်နေတဲ့နှလုံးသားရဲ့အသံကိုနားထောင်ဖို့ထက်
သော့တွဲနဲ့နတ်ရုပ်တွေကိုပဲရှာဖွေရင်းနဲ့
တစ်ချို့တစ်ချို့တွေက
မျက်လုံးတွေနဲ့မြင်ရင်း...
အကြည့်တွေနဲ့ရင်ဆိုင်ရင်း...
အသက်ရှင်တယ်....။
Poe C
5.7.2010(9:57 PM)
မူလီတစ်လုံးလောက်တောင်မှ
ReplyDeleteအသုံးမဝင်တဲ့သတ္ထုတွေကို
လည်ပင်းမှာဆွဲပြီး
ခေါင်းမငြိမ့်တတ်တော့လောက်အောင်ကို
မျက်လုံးတွေနဲ့တန်ဖိုးသတ်မှတ်ကြတယ်...
အဲဒီအတွေးလေး ကို ခိုက်တယ် ကိုချမ်း
နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ ကိုချမ်းလင်းနေ...မျက်လုံးနှင့်ရှင်သန်နေသူများကို မျက်လုံးနဲ့လာဖတ်ပြီး ကောင်းတယ်လို့နှလုံးသားက မှတ်ချက်ပေးလိုက်တယ်...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
ReplyDeleteကောင်းလိုက်တဲ့ ကဗျာ။
ReplyDeleteမျက်လုံးနဲ့ သေချာ ဖတ်သွားပါတယ်။
ခုန်နေတဲ့နှလုံးသားရဲ့အသံကိုနားထောင်ဖို့ထက်
ReplyDeleteသော့တွဲနဲ့နတ်ရုပ်တွေကိုပဲရှာဖွေရင်းနဲ့
တစ်ချို့တစ်ချို့တွေက
မျက်လုံးတွေနဲ့မြင်ရင်း...
အကြည့်တွေနဲ့ရင်ဆိုင်ရင်း...
အသက်ရှင်တယ်....။
အပုဒ်တိုင်းအသက်ဝင်တယ် ကိုချမ်းရေ
သော့တွဲနဲ့ နတ်ရုပ်ဆိုတဲ့ နမိတ်ပုံကိုသိပ်ကြိုက်တယ်
မောင်ဘကြိုင်
အင်း..
ReplyDeleteကိုလင်း , ကောင်းတယ်ဗျာ..။
မူလီတစ်လုံးလောက်တောင်မှ
အသုံးမဝင်တဲ့သတ္ထုတွေကို
လည်ပင်းမှာဆွဲပြီး
ခေါင်းမငြိမ့်တတ်တော့လောက်အောင်ကို
မျက်လုံးတွေနဲ့တန်ဖိုးသတ်မှတ်ကြတယ်...
အဲ့ ဒီအပိုဒ်လေးကိုလည်း ခိုက် တယ်ဗျာ.။
ထန် တွေ မာန် တွေ ပါတဲ့ ကဗျာ လို့ မြင်တယ်။
အင်း... အားလုံးနီးပါး ကဗျာအတိုင်းပါဘဲလေ။ ကဗျာလေးက အမှန်ကို ထင်ဟပ်စေတယ်။
ReplyDeleteခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ကဗျာကို ကြိုက်လို့ ပြန်ရှဲခွင့်ပေးပါ...
ReplyDelete