Tuesday, February 15, 2011
ဘကုန်းနဲ့ ဘလောက်ဂါများ
ဘကုန်းနဲ့ ဘလောက်ဂါများ
ဘလောက်ထဲမှာကြုံ
မာန့်ခဲ့ပေါ့ ခင်မင်မှုရယ်ဖြင့်
ဘလောက်ရှင် မမေ့ရက်လေတဲ့
အားပေးသည့်စာ။
♥♥♥
ဖေ့ဘွတ်မှာဆုံ
ခင်မင်သည့်သူများ
အပြင်မှာ တွေဖို့ခဲလေရဲ့
ဘလောက်ရေးသူများ။
♥♥♥
ရေးအတူတူ
ဖေးကူကာ နားလည်ကြသူမို့
လိုင်းမတူ ကွဲပြားကြပြန်လည်း
တစ်ဦးစေတနာ တစ်ဦးဂါရဝမို့
လင့်ချိတ်ကာ ကွန်ယက်ပေါ်မှဝယ်
ခင်ကြစို့လား။
♥♥♥
အသို့သော်မှ ထိတ်စရာ
ကွန်ယက်ပေါ် "ဝဲ"ခေတ်စမ်းပြန်လို့ရယ်
အသျှိုသျှို ကူးစက်ကုန်ပြန်သမို့
အို ..... သယ်ရင်း ဘလောက်ဂါတို့ရေ
ကိုယ့်ဘလောက် ကိုယ်စီစစ်ကာမို့
ရေပြန်ချိုးစို့လား။
ချမ်းဧအိမ်
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
14 comments:
  1. ရေနေ့တိုင်းချိုးတယ်ဗျ။။ဝဲကြောက်လို့....
    ReplyDelete
  2. template အသစ်နဲ့လှနေတယ် အစ်ကို။
    ခုတလော အလုပ်တွေရှုပ်နေလို့ ကိုယ့်အိမ်တောင်
    ကိုမရောက်ဖြစ်ဘူးဖြစ်နေတယ်။
    လာလည်ပြီး ကွန်မန့်တွေ အများကြီး ပေးသွားတာ
    ကျေးဇူးပါ။
    မိသားစုအားလုံး သာယာချမ်းမြေ့ပါစေ...
    ခွန်
    ReplyDelete
  3. ဟုတ်ပ အစ်ကိုရေ . .ကျွန်တော့်ဆိုဒ်မှာတော့ လင့်တွေ စစ်ပြီးပြန်ချိတ်ထားပြီ . . . သိတဲ့အတိုင်း လူဆိုတာ တစ်ဦးတစ်ယောက်ထဲ
    နေလို့ မရသလို ဘလောက်ဆိုတာကလည်း တစ်ခုထဲနဲ့ အထီးကျန်ရှင်သန်နိုင်ဖို့ မဖြစ်နိုင်ဘူးမဟုတ်လား အစ်ကိုချမ်းလင်းနေရေ
    အစဉ်အားပေးလျက်
    လှိုင်ဘွား(သီချင်းအိမ်)
    ReplyDelete
  4. မောင်မျိုးFebruary 17, 2011 at 4:34 PM
    ရေချိုးပြီးပြီး)
    ReplyDelete
  5. ရေချိုးပြီးလို့ ဆပ်ပြာတောင် တိုက်ထားပါသေးတယ်ဗျာ
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး
    ReplyDelete
  6. ကိုထွဋ်February 17, 2011 at 4:36 PM
    ရေနေ့တိုင်းချိုးတယ်ဗျ။။ဝဲကြောက်လို့....
    ReplyDelete
  7. တော်တော်ကောင်းကဗျာလေးပဲ (ပြုံးမိသည်):)
    ReplyDelete
  8. ရေချိုးတယ် ချပ်ပါ တောင် တိုက်လိုက်သေးတယ်။
    ReplyDelete
  9. ဂျူလိုင်ဖြူFebruary 17, 2011 at 4:38 PM
    ကဗျာကောင်းလေးပါပဲ..ရေပူနဲ့ ကိုချိုးပစ်တာ...ပိုးတွေအားလုံးရှော.....
    ReplyDelete
  10. မိုးငွေ့.February 17, 2011 at 4:39 PM
    ရေငံနဲ့ချိုးခဲ့ပါတယ်
    ReplyDelete
  11. ရဲထွန်းဇော်February 17, 2011 at 4:39 PM
    ReplyDelete
  12. An Asian Tour OperatorFebruary 17, 2011 at 4:40 PM
    တကိုယ်ရေ သန့်ရှင်းရေးကို အလေးထားသူတွေလဲ ရှိပါတယ်ဗျား :P
    ReplyDelete
  13. အတူတူပဲ ကိုချမ်းရ .. ကျွန်တော့်ဆီမှာလည်း ကွန်မန့်ကလာတာ ... ဖျက်ရအုန်းမယ် .. အလုပ်ကို ရှုပ်နေတာပါပဲဗျာ ...း(
    ReplyDelete
  14. ဖတ်ပြီး ပြုံးမိတယ်...း))
    ReplyDelete