Tuesday, May 4, 2010

ရင်ငွေ့နှင့်သွန်းသော ကဗျာတစ်စင်း

ရင်ငွေ့နှင့်သွန်းသော ကဗျာတစ်စင်း

အိပ်မက်ထဲကြွေ
မှုန်ဝါးစေတဲ့
နှလုံးသားရဲ့ခြေသံ
ပဲ့တင်ပြန်တော့
ငါ့....စိတ်ကူးတို့
သက်တံဖြစ်၏ ။

ဒဏ္ဍာရီဆန်
ဖန်နန်းတော်ထဲ
ကြယ်ကြွေတစင်း
မြေခပြန်တော့
ငါ့...မြို့ရိုးထက်
တောက်ပစေ၏ ။

ရင်နှင့်သွန်းစစ်
ပုံလောင်းရစ်သော
ကဗျာမြစ်တစ်စင်း
စီးဆင်းပြန်တော့
ငါ့....ရာဇဝင်ထဲ
အက္ခရာတင်၏ ။

ချမ်းဧအိမ်

2 comments:

  1. ရင်ငွေ့ နဲ့ သွန်းပြီး ရာဇ၀င်ဘဲ အက္ခရာ
    တင်ထားတယ်တဲ့လားဗျာ . . .

    ReplyDelete
  2. “ရင်နှင့်သွန်းစစ်
    ပုံလောင်းရစ်သော”

    ဆိုတဲ့ အဖွဲ့ အသက်ပါတယ်...

    “ရင်နှင့်သွန်းဆစ်” လို့သုံးရင်ရော အဓိပ္ပာယ်တမျိုးထွက်သွားမလား တွေးနေမိသေးတယ်...

းဝ)

    ReplyDelete