Saturday, March 27, 2010

တိမ်ဝှက်တဲ့လမင်း



တိမ်ဝှက်တဲ့လမင်း

လသာတဲ့ညမှာ ငါကျရှုံးခဲ့တယ်။
ငါကမှ
နေရဲရဲ သေရဲရဲ မဟုတ်တာ။

မာန်ပျိုတံခွန် လွှင့်ထူလို့
ဖန်တရာ ထပ်အောင်ပွေးခဲ့တယ်။
ဒီသံသရာ အချစ်ကျော့ကွင်းမှာ
ဝပ်ဆင်းကာမျော။

ရမက်ကြောင့်ရလဒ်
အပြစ်ကြောင့် ဒဏ်ခတ်ခံရတယ်
ဘယ်ညာပြန် ကြောမဆန့်နိုင်အောင်
တိမ်သွားတဲ့လမ်းမှာ
လမင်းကို ကာစင်တင်
ကြိုးပေးသတ်တယ်
ဒီတကြိမ်လည်း သေရပြန်ရော။

ချမ်းဧအိမ်

4 comments:

  1. ကိုချမ်းရေ ကဗျာနုနုလေး လာဖတ်တယ်ဗျို့.. ကဗျာခေါင်းစဉ်ကအစ လှတယ်။

    ReplyDelete
  2. ကဗျာလေးလာဖတ်သွားပါတယ်။

    ReplyDelete
  3. ကိုချမ်းရေ.....
    ပျောာက်နေတာ အတော်ကြာ.....။
    ပေါ်လာပြန်တော့လည်း ကဗျာကောင်းလေးတစ်ပုဒ်နဲ့...။
    “လမင်းကို ကားစင်တင်
    ကြိုးပေးသတ်တယ်
    ဒီတကြိမ်လည်း သေရပြန်ရော”.....
    အရမ်းမိုက်တယ်.........း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  4. လာခံစားသွားပါတယ် ကိုရေချမ်းရေ
    မတွေ့တာတောင် ကြာပြီနော် နေကောင်းပါရဲ့လား

    ReplyDelete