Thursday, November 26, 2009

Believe

ယုံကြည်ချက်

ပိန်းပိတ်နေတဲ့ အမှောင်ထုထဲ
ငိုချင်းချသံတွေ တွေ့တယ်

ကခုန်ယိမ်းထိုးလိုက်ရတာများ
(တကိုယ်လုံး)
ရစရာမရှိအောင် မည်းညစ်လို့

ပုံသေနည်းတွေ ငြီးငွေ့ပြီး
ဘူတာအိုထဲက ပြေးထွက်ချင်သူပါ

ကိုယ့်လိပ်ပြာလုံဖို့
ရှေ့ရှုရင်း
မရွေ့တဲ့အကြည့်တချက်နဲ့
ပျံသန်းဖို့
တွေ....ဝေ.......
မျော.......လွင့်.......လွင့်

လင်းသင်


မှတ်ချက်။ ။၂၀၀၄ အာရုံ.......




4 comments:

  1. ပိန်းပိတ်အောင် မှောင်နေပေမဲ့လဲ ယုံကြည်ချက်အလင်းနဲ့ တောက်ပစေရမှာပေါ့ အကို
    ကဗျာလေး ခံစားသွားတယ်ဗျို့ :)

    ReplyDelete
  2. ကိုချမ်းရေ...
    ကဗျာလေးလာဖတ်ရင်း..ကျွန်တော်လည်း...ကိုယ့်လိပ်ပြာလုံဖို့ တွေဝေသွားမိသလိုပဲ... ခံစားလိုက်ရတယ်ဗျာ...။

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  3. မျောလွင့်လွင့် စိတ်ကူးလေးတွေဖြစ်သွားပြီ :)

    ReplyDelete
  4. ကိုယ့်လိပ်ပြာလုံဖို့
    ရှေ့ရှုရင်း
    မရွေ့တဲ့အကြည့်တချက်နဲ့
    ပျံသန်းဖို့
    တွေ....ဝေ.......
    မျော.......လွင့်.......လွင့်။

    ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်ဆို တွေဝေနေဖို့ မလိုပါဘူး
    တချို့ပုံသေနည်းတွေက လွတ်လပ်မှုတချို့ကို ပိတ်ပင် ထားတယ်။

    ReplyDelete