လာရောက်ကြသူတွေကတော့ မနှင်း(နှင်းနဲ့မယာ)၊ ညီမလေး ကောင်းကင်(ကောင်းကင်ရဲ့သမီးပျို)၊ ညီမဇော်(ကျွန်တော်တို့အိမ်)၊ အဝေးရောက် ညီမလေး DIM (ဖြူစင်ကြယ် Angle Shaper)၊ အဘူဒါဘီက အမရာ(အမရာ)၊ ကိုကြီးပီတာ(ကိုပီတာရဲ့အတွေးပုံရိပ်)၊ ကိုဟန်(Dream of My Father)၊ ကိုဖြိုး (လင်းကြယ်ဖြူ)၊ ညီလေးဝေယံ(ဟင်းချက်ခြင်းအနုပညာ)၊ ညီလေးဗျတ်ဇ (ပန်းပွင့်နဲ့ယက်တဲ့ အိပ်မက်)၊ ဘလောခ့်မရေးပေမယ့် ဘလောခ့်အလည်ဆုံး ကျွန်တော်တို့ချစ်စနိုးခေါ်ကြသော ဘကြီမိုး (ကိုမိုးဇော်လွင်)၊ ဘကြီးသာယာ(ကိုကျော်သာယာမြင့်)၊ နှင့် ကျွန်တော် ချမ်းလင်းနေ တို့ ဒဒွေးမောင်နှမတွေ ဆုံညီစွာ အချိန်တိတိကျကျကြီးကို တက်ရောက် အားပေးကြပါတယ်ဗျာ။အလည်လာဖို့ဖိတ်ထားတဲ့ ကမ္ဘာအရပ်ရပ်မှ မြန်မာဘလောခ့်ဂါ မောင်နှမညီအကို မိတ်ဆွေများ စုံစုံလင်လင်ဖြင် ခင်မင်စရာကောင်းသော မငုံရဲ့ မွေးနေ့လေးကို တက်ရောက်ကြပါတယ်။ အတီးအမှုတ်တူရိယာ စုံလင်စွာ နဲ့ ဒဒွေးအဆိုကျော် Shania Dim (Shania Twain ရဲ့ အဖေမတူ အမေကွဲ ညီမလေး Angle Shaper) က သီဆိုဖျော်ဖြေပါတယ်။
မွေးနေ့ကိတ်မုန့်ကလည်း ကခုန်မြူးတူးစွာ လာရောက်ကြသူများကို ကြိုဆိုနေပါတယ်။
မငုံအတွက် မွေးနေ့လက်ဆောင်ပါ။ ပြန်သွားမှ ဖွင့်ကြည့်နော် မငုံရေ။

ကြွက်ဖြူလေးကလည်း သူတပိုင်တနိုင် ရောက်လာပါတယ်။

ဘဝလမ်းခရီးမှာ ရွှေထီးမဆောင်းရသေးဘူးဆိုလို့ မငုံဆောင်းရအောင် ရွှေထီးလက်ဆောင်ပါ။

ရွှေရောင်ထီးလှလှလေးနဲ့ မငုံ ပါ။

ကြွရောက်လာကြတဲ့ မိတ်ဆွေသင်္ဂဟအပေါင်းများလွန်းလို့ မွေးနေ့ကိတ်မလောက်ရင် အပိုဆောင်ထားတာ အားမနာတမ်းစားကြနော်။ခင်မင်စရာရှမ်းတိုင်းရင်းသူလေး မငုံရဲ့နိုဝင်ဘာ ၂၄နေ့ မွေးရက်မှသည် နောင်နှစ်ပေါင်းရာချီသည့်တိုင် ရွှေထီးဆောင်းနိုင်သူလေး ဖြစ်ပါစေဗျာ။



ချမ်းလင်းနေ
မွေးနေ့ ရှင်ရော မွေးနေ့ ကျင်းပပေးတဲ့လူရော
ReplyDeleteပျော်ရွှင်ပါစေနော်
Happy Birthday ပါ မမငုံလေး
happy birthday ပါ မငုံရေ
ReplyDeleteခင်တဲ့ ရီနို
ရွှေထီးနဲ့  ကမငုံလား တော်တော်လန်းတာဘဲနော့်  ကိုချမ်း
ReplyDeleteရေ :D :P Happy Birthday ပါ မငုံရေ :) မွေးနေ့ ပွဲလေး
ကျင်းပ ပေးသူကိုချမ်းလည်း ချမ်းမြေ့ ပျော်ရွှင်ပါစေဗျာ