
ပိန်းပိတ်နေတဲ့ အမှောင်ထုထဲ
ငိုချင်းချသံတွေ တွေ့တယ်
ကခုန်ယိမ်းထိုးလိုက်ရတာများ
(တကိုယ်လုံး)
ရစရာမရှိအောင် မည်းညစ်လို့
ပုံသေနည်းတွေ ငြီးငွေ့ပြီး
ဘူတာအိုထဲက ပြေးထွက်ချင်သူပါ
ကိုယ့်လိပ်ပြာလုံဖို့
ရှေ့ရှုရင်း
မရွေ့တဲ့အကြည့်တချက်နဲ့
ပျံသန်းဖို့
တွေ....ဝေ.......
မျော.......လွင့်.......လွင့်။
လင်းသင်
မှတ်ချက်။ ။၂၀၀၄ အာရုံ.......
မှတ်ချက်။ ။၂၀၀၄ အာရုံ.......

ပိန်းပိတ်အောင် မှောင်နေပေမဲ့လဲ ယုံကြည်ချက်အလင်းနဲ့ တောက်ပစေရမှာပေါ့ အကို
ReplyDeleteကဗျာလေး ခံစားသွားတယ်ဗျို့ :)
ကိုချမ်းရေ...
ReplyDeleteကဗျာလေးလာဖတ်ရင်း..ကျွန်တော်လည်း...ကိုယ့်လိပ်ပြာလုံဖို့ တွေဝေသွားမိသလိုပဲ... ခံစားလိုက်ရတယ်ဗျာ...။
ခင်မင်တဲ့
ဏီလင်းညို
မျောလွင့်လွင့် စိတ်ကူးလေးတွေဖြစ်သွားပြီ :)
ReplyDeleteကိုယ့်လိပ်ပြာလုံဖို့
ReplyDeleteရှေ့ရှုရင်း
မရွေ့တဲ့အကြည့်တချက်နဲ့
ပျံသန်းဖို့
တွေ....ဝေ.......
မျော.......လွင့်.......လွင့်။
ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်ဆို တွေဝေနေဖို့ မလိုပါဘူး
တချို့ပုံသေနည်းတွေက လွတ်လပ်မှုတချို့ကို ပိတ်ပင် ထားတယ်။