Wednesday, February 23, 2011

မြန်မာ စာရေးဆရာ၊ ဆရာမများ၏ စာပေဟောပြောပွဲများ အပိုင်း(၁)

ဆရာမ နုနုရည်(အင်းဝ)
ဆရာမနုနုရည် (အင်းဝ)၏ လန်ဒန်မြို့မှ စာပေဟောပြောပွဲ


(Download)

Source: ကောင်းကင်မဂ္ဂဇင်း

အောင်လံမြို့စာပေဟောပြောပွဲ (၂၀၁၁)

၁။ ဆရာအော်ပီကျယ် - အသိပညာဖြင့်မောင်းနှင်သော


(Download)

၂။ ဆရာမောင်သာချို(ခ)ဂျက်ကွမ်းခြံကုန်း - နှလုံးသားလှပါစေ


(Download)

၃။ ဆရာနေဝင်းမြင့် - ကျွန်တော်တို့ငယ်ငယ်က


(Download)

Source: စကားဝါမြေ စာကြည့်တိုက်

မော်လမြိုင်မြို့ စာပေဟောပြောပွဲ

၁။ ဆရာမခင်ခင်ထူး


(Download)

၂။ ဆရာနေဝင်းမြင့်


(Download)

၃။ ဆရာဦးလှထွန်း


(Download)

၎။ ဆရာဦးဘုန်း(ဓါတု)


(Download)

၅။ ဆရာကျော်ရင်မြင့်


(Download)

၆။ ဆရာအတ္တကျော်


(Download)

၇။ ဆရာမဂျူး


(Download)

၈။ ဆရာကြည်မင်း


(Download)

၉။ ဆရာကိုတာ


(Download)

၁၀။ ဆရာအော်ပီကျယ်


(Download)

၁၁။ ဆရာဖေမြင့်


(Download)

၁၂။ ဆရာချစ်ဦးညို


(Download)


Source: စကားဝါမြေ စာကြည့်တိုက်



ဆန်ဖရန်စစ္စကို ဘေးဧရိယာ စာပေဟောပြောပွဲ (၂၆ စက်တင်ဘာ ၂၀၀၉)

ဆရာမမေငြိမ်း - စာဖတ်ခြင်းအနုပညာ

အပိုင်း(၁)



အပိုင်း(၂)



ဆရာမခက်မာ - ဘဝထဲကစာများ

အပိုင်း(၁)



အပိုင်း(၂)



Source: မိုးမခ

မှတ်ချက်။ ဒေါင်းမရ နားဆင်းမရသော ဖိုင်များရှိရင် စီဘောက်မှာ အော်ခဲ့ပါ။ တစ်ချို့ဖိုင်တွေက နဲနဲလေး စောင့်ပြီးနားဆင်ပေးကြပါ။ အွန်လိုင်းပေါ်မှာ ပြန့်ထွက်နေတဲ့ မြန်မာ စာရေးဆရာ၊ ဆရာမများ၏ စာပေဟောပြောပွဲ အသံဖိုင်များကို ကျွန်တော် စုဆောင်းရှာဖွေရသမျှ တင်ပေးလိုက်ပါသည်။ မူလပိုင်ရှင်များကိုတော့ အတတ်နိုင်ဆုံး ပြန်လည်မျှဝေ ခွင့်တောင်းခဲ့ပါသည်။ ခွင့်မတောင်းမိခဲ့သည်ရှိသော် ကျွန်တော်၏ ချို့ယွင်းအားနည်းချက်ကြောင့် ဒီနေရာမှပဲ ထပ်မံ ခွင့်တောင်းအပ်ပါသည်။ အချို့ကျန်ရှိနေသော ဖိုင်များရှိသေးရင်လည်း မျှဝေပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါသည်။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Monday, February 21, 2011

ဆရာအောင်သင်း၏ စာပေဟောပြောပွဲများ

ကျွန်တော်တို့ မြန်မာလူမျိုးများသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်ကပင် ထွန်းကားလာခဲ့သောကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့၊ ကိုယ်ပိုင် အစဉ်အလာများဖြင့် ရပ်တည်ရှင်သန်လာခဲ့သော လူမျိုးများ ဖြစ်ကြပေသည်။ ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများတွင် ကျွန်တော်တို့ကဲ့သို့သော ကိုယ်ပိုင် စာပေအရေးအသား အက္ခရာစာလုံးများ မရှိကြပဲ မွေးစားအသံထွက် စာလုံးများနှင့် ရပ်တည်နေကြသော နိုင်ငံများစွာရှိပေသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် ထိုကဲ့သို့ ကိုယ်ပိုင်အက္ခရာ ကိုယ်ပိုင်စာပေ အသုံးပြုနိုင်ခြင်းဖြင့် အမိမြေမှ ဝေးကွားနေသော မြန်မာလူမျိုးများအဖို့ ဂုဏ်ယူတတ်လျှင် ဂုဏ်ယူနိုင်ဖွယ်တစ်ရပ် ဖြစ်ပေသည်။

အခုအခြေအနေတွင် ကျွန်တော်တို့ နောင်လာနောက်သားများကလည်း ယို့ယွင်းစပြုလာသော ကျွန်တော်တို့၏ မြန်မာစာပေကို ဆက်လက်ထိန်းသိမ်းရင်း မြန်မာစာပေ မြန်မာယဉ်ကျေးမှုများကို မပျောက်ပျက် မတိမ်းကောသွားစေရန်အတွက် ကျွန်တော်တတ်နိုင်သမျှ ကွန်ယက်ပေါ်မှ ပျံနှံလျှက်ရှိသော မြန်မာစာပေပညာရှင်ကြီးများ၏ စာပေဟောပြောပွဲများကို တတ်နိုင်သလောက် စုဆောင်းပြီး မူရင်းလင့်နေရာများနှင့်တကွ ကျွန်တော် စုဆောင်းထားသော စာပေဟောပြောပွဲ MP3 ဖိုင်များကို ကြိုးစားမျှဝေသွားမှာ ဖြစ်ပါသည်။ မူလပိုင်ရှင်များကိုလည်း ကျွန်တော်၏ စုဆောင်းထားခဲ့သမျှ စာပေဟောပြောပွဲများ ပြန်လည်မျှဝေမှုကို နားလည်ခွင့်လွှတ်ပါဟု တောင်းပန်စကားဆိုပါသည်။

တစ်ချို့စာပေဟောပြောပွဲများ၏ မူရင်းများသည် You Tube တွင် တင်ထားသော ဗီဒီယိုဖိုင်များဖြစ်သောကြောင့် ကျွန်တော်ပေးထားသော မူရင်း Source များတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ ကျွန်တော်က MP3 ဖြင့်ပြောင်းလဲထားပြီး အလွယ်တကူ ဒေါင်းယူပြီး မိမိတို့ကြိုက်နှစ်သက်ရာ Portable Player များတွင် ထည့်သွင်းပြီး သွားလေရာ အားရပ်ချိန်များတွင် လွယ်လင့်တကူ နားဆင်နိုင်ရန် ဝေမျှခြင်းဖြစ်ပါသည်။

ဆရာအောင်သင်း၏ စာပေထဲမှ လူငယ်သမိုင်း (၁၆.၁၂.၁၉၉၄)

အပိုင်း(၁)



အပိုင်း(၂)



အပိုင်း(၃)



အပိုင်း(၄)



အပိုင်း(၅)


Source: Khin 1978



ဆရာအောင်သင်း၏ ယနေ့လူငယ်နှင့် ယနေ့ရသစာပေ (မကွေး)


(Download)

Source: လမ်းပြကြယ်

ဆရာအောင်သင်း၏ ယနေ့လူငယ်ဘဝ ထူထောင်မှုစာပေ(ပျော်ဖွယ်)



ဆရာအောင်သင်း၏ အမွေ



ဆရာအောင်သင်း၏ ဒီနေ့ လူငယ်တွေ(မြန်အောင်)

အပိုင်း(၁)



အပိုင်း(၂)



အပိုင်း(၃)



ဆရာအောင်သင်း၏ ပညာ(မုံရွာ)



ဆရာအောင်သင်း၏ လက်ခံလိုက်စမ်းပါ(စာပေလောက)



Source: ဆရာအောင်သင်း

ဆရာအောင်သင်း၏ ခေါင်းဆောင်ဆိုတာ


(Download)

မှတ်ချက် ။ ။ ဒေါင်းချင်ယူ နားဆင်လိုပါက ဖိုင်ပေါ်တွင် Right Click နှိပ်ကာ Download ယူသွားနိုင်ပါတယ်ခင်ဗျာ။ နောက်ထပ် မြန်မာစာရေးဆရာ၊ ဆရာမများ၏ စာပေဟောပြောပွဲများလည်း ဆက်လာပါဦးမည်။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Friday, February 18, 2011

ဒါဘယ်သူပြောခဲ့တာလဲ?


အပျင်းလည်းပြေ ဗဟုသုတလည်းရစေမယ့် ဥာဏ်စမ်းလေးတစ်ခုလောက် လုပ်ကြည့်ရအောင်ဗျာ။

အခုအောက်ဖက်မှာ ၂၀ရာစုအစောပိုင်းက အလွန့်အလွန်နာမည်ကြီးတဲ့  အနောက်တိုင်း စာရေးဆရာတစ်ယောက်ကနေ သူ့မိတ်ဆွေတစ်ယောက်ကို ပြောပြတဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ရေးထားပါတယ်။ ကျွန်တော်သိချင်တာက အဲဒီအဖြစ်အပျက်ကို ပြောပြခဲ့တဲ့ စာရေးဆရာကြီးရဲ့နာမည် ????? ဖြစ်ပါတယ်။ စဉ်းစားပြီး ဘယ်သူဖြစ်နိုင်တယ်ဆိုတာ ဖြေကြည့်ကြပါဦး။ စဉ်းစားလို့မရဘူးဆိုလည်း ဒီအကြောင်းအရာလေးကို ဖတ်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောနိုင်ကြပါတယ်။


✽✼✽✼

မနက်တုန်းကဗျာ ကျွန်တော့်ဆီကို မိန်းကလေး သူငယ်ချင်းတစ်ယောက် လာသွားတယ်။ သူက စာရေးဆရာမတစ်ယောက်ဗျ။ ကျွန်တော့်ဆီကနေ သူရေးနေတဲ့ ဝတ္ထုတစ်ပုဒ်နဲ့ ပတ်သက်ပြီး အကြံဥာဏ်လာတောင်းတာဆိုပဲ။ သူမက ပြောပါတယ်။ ကျွန်တော့်ဆီမလာခင်ကိုပဲ သူမတည်းနေတဲ့ ဟိုတယ်က Bell Boy ကောင်လေးတစ်ယောက်ကို အကြံဥာဏ် တောင်းကြည့်ပြီးသွားပြီတဲ့။

ဒါပေမယ့် ပြဿနာက အဲဒီကောင်လေးက ကျွန်တော့်သူငယ်ချင်းမ ရေးတဲ့ဝတ္ထုထဲက အခန်းတစ်ခန်းကို သဘောမကျဖြစ်နေတယ်။

"ဘာကိုသဘောမကျဖြစ်နေတာတုန်း"လို့  ကျွန်တော်က ပြန်မေးတော့ ကျွန်တော့်သူငယ်ချင်းက  သူက အဲဒီကောင်လေးကို ဝတ္ထုထဲက အခန်းတစ်ခန်းကို ပြောပြလိုက်တယ်တဲ့။

အဲဒီအခန်းမှာ ဇာတ်လိုက်မင်းသားက သူ့ချစ်သူကောင်မလေးရဲ့ လော့ကပ်သီးလေး ပျောက်သွားလို့ တောနက်ကြီးထဲမှာ သွားရှာတယ်။ ရှာလို့လည်းတွေ့ရော၊ လော့ကပ်သီးလေးကို မြေကြီးပေါ်ကနေ ကောက်ယူပြီး အမြတ်တနိုးနဲ့ နမ်းလိုက်တယ်ဆိုတဲ့  အကြောင်းပါတယ်။

ဒါနဲ့ကျွန်တော်က "ဟာ...ဒါကောင်းသားပဲ။ တကယ့်ရိုမန့်စ်ဖြစ်တဲ့အခန်းပါဗျာ။ ဒါကို ခင်ဗျားရဲ့မိတ်ဆွေလေးက ဘာကိုမနှစ်သက်နိုင် ဖြစ်ရတာလဲ" လို့ မေးတော့။

"မဟုတ်ပါဘူး၊ သူကသဘောမကျဘူးလို့ ပြောတာမဟုတ်ဘူး။ ဒါပေမယ့်နည်းနည်း လိုနေသေးတယ်လို့ပဲ ပြောတာပါ"လို့ သူငယ်ချင်းစာရေးဆရာမက ပြန်ဖြေတယ်။

"နော့ဖြင့်သူက ဘာအကြောင်းကို ထပ်ဖြည့်ချင်တာတဲ့တုန်း"လို့ ဆက်မေးတော့။

"ချစ်သူအတွက်အရဲစွန့်ပြီး တောနက်ကြီးထဲ လော့ကပ်သီးသွားရှာတာ ကောင်းပါတယ်၊ ရှာတွေ့တဲ့လော့ကပ်သီးကို နမ်းလိုက်တာလည်း ကောင်းတာပါပဲ။ ဒါပေမယ့် ဆရာမရယ် ဇာတ်လိုက်ကိုတော့ဖြင့် လော့ကပ်သီးကို မနမ်းခင် သူ့ရဲ့ရှပ်အင်္ကျီလက်နဲ့ ပေနေတဲ့မြေကြီးတွေ အမှိုက်တွေကို အရင်သုတ်ခိုင်းလိုက်ဖို့ မမေ့စေချင်ဘူး"တဲ့။

ဒါနဲ့ကျွန်တော်လည်း သူငယ်ချင်းစာရေးဆရာမကို ပြောလိုက်ရတယ်။ "ခင်ဗျားဗျာ ဒါနဲ့များ ကျွန်တော်ဆီလာပြီး ခင်ဗျားဝတ္ထုအတွက် အကြံဥာဏ်တောင်းနေရတယ်လို့၊ ခင်ဗျားရဲ့ Bell Boy က သိပ်ကိုစေ့စပ်သေချာတဲ့ တကယ့်ပါရမီရှင် ဝေဖန်ရေးသမားကောင်းဗျ။ ခင်ဗျားဝတ္ထုအတွက် သူပေးတဲ့အကြံဥာဏ်ထက်ပိုတဲ့ အကြံဥာဏ်မျိုး ကျွန်တော်ဖြင့်မပေးတတ်ပါဘူး" ဆိုပြီးတော့။
✽✼✽✼
Source : Poe C

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Tuesday, February 15, 2011

ဘကုန်းနဲ့ ဘလောက်ဂါများ






ဘကုန်းနဲ့ ဘလောက်ဂါများ
ဘလောက်ထဲမှာကြုံ
မာန့်ခဲ့ပေါ့ ခင်မင်မှုရယ်ဖြင့်
ဘလောက်ရှင် မမေ့ရက်လေတဲ့
အားပေးသည့်စာ။

♥♥♥

ဖေ့ဘွတ်မှာဆုံ
ခင်မင်သည့်သူများ
အပြင်မှာ တွေဖို့ခဲလေရဲ့
ဘလောက်ရေးသူများ။

♥♥♥

ရေးအတူတူ
ဖေးကူကာ နားလည်ကြသူမို့
လိုင်းမတူ ကွဲပြားကြပြန်လည်း
တစ်ဦးစေတနာ တစ်ဦးဂါရဝမို့
လင့်ချိတ်ကာ ကွန်ယက်ပေါ်မှဝယ်
ခင်ကြစို့လား။

♥♥♥

အသို့သော်မှ ထိတ်စရာ
ကွန်ယက်ပေါ် "ဝဲ"ခေတ်စမ်းပြန်လို့ရယ်
အသျှိုသျှို ကူးစက်ကုန်ပြန်သမို့
အို ..... သယ်ရင်း ဘလောက်ဂါတို့ရေ
ကိုယ့်ဘလောက် ကိုယ်စီစစ်ကာမို့
ရေပြန်ချိုးစို့လား။

ချမ်းဧအိမ်

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Thursday, February 10, 2011

မိဘနှင့် သားသမီးဆိုး



မိဘတိုင်းရဲ့ စိတ်မှာ သားသမီးတွေအပေါ် လိမ္မာတဲ့ သားသမီးလေးတွေဖြစ်ဖို့သာ ရည်သန်ကြမှာပါ။ ဆိုးပါတယ်ဆိုတဲ့ သားသမီးတွေ ဘယ်လိုချင်ကြမတုန်း။ မိဘဆိုတာကတော့ လိမ္မာတာ၊ မိုက်တာရယ်လို့ ခွဲခြားပြီး မမြင်နိုင်ကြပါဘူး။ သားသမီးတိုင်းကို သာတူညီမျှ တသားထဲသော မေတ္တာစစ်စစ်တွေနဲ့ မိဘတိုင်းက ချစ်ကြတာချည်းပါ။

ဒီလိုပါပဲ သားသမီးတွေ၊ ကလေးတွေကလည်း မိုက်ချင်တိုင်းမိုက်နေကြတာ မဟုတ်ပါဘူး။ သူတို့တွေရဲ့ အသိလေးတွေမှာ သူတို့မိဘတွေက သူတို့ကို မေ့နေတယ်လို့ထင်ပြီး အမြင်အယူအဆတွေ ကွဲပြားနေကြတာပါ။ ဒီလို ဒွိဟစွာ ကွဲပြားနေ လွဲမှားနေတဲ့ အယူအဆတွေကို ရင်ခြားစေ့အောင်က အုပ်ထိန်းသူ မိဘတွေကလည်း မိမိကိုယ်မိမိ ပြန်လည်သုံးသပ် ဝေဖန်ကြည့်စေချင်ပါတယ်။

အခုခေတ်မှာ မိဘတစ်ချို့တွေဟာ ငွေတွေ၊ စည်းစိမ်တွေ၊ပကာသနတွေနောက် အရမ်းကာရော လိုက်နေကြတော့ ကလေးတွေ အမြင်မှာ ငါ့မိဘက ငါ့ကို မချစ်ဘူးလို့ မြင်လာကြရော။ မိဘတွေကလည်း ကလေးတွေအကြိုက် လိုက်ရောလိုက်ရင်ပြီးရော ဒါမိဘမေတ္တာပဲ ဆိုရင်တော့မှားပြီ။

အခုခေတ် အခြေအနေကလည်း နေရာတကာ ငွေဆိုမှငွေ၊ ကျန်တာ ဘာမှအရေးမကြီးဘူး။ ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ခေတ်ဗျ။ အဲဒီတော့ မိဘအများစုကလည်း ငွေနောက်ကို သဲကြီးမဲကြီး လိုက်နေကြရတယ်။ ကလေးတွေ အတွက်ပေးဖို့ အချိန်ဆိုတာ မရှိဘူးဖြစ်နေတယ်။ ကလေးတွေကို နာနီတွေနဲ့ထား၊ အမျိုးတွေနဲထားခဲ့ကြရတယ်။

အချိန်တန် အိမ်ပြန်လာရတော့လည်း မိုးချုပ်တော့ ကလေးနားနေဖို့ အချိန်လဲမပေးနိုင်ဘူး။ ရောက်တာနဲ့ ပင်ပန်းလို့ အိပ်ရော။ ဒီလိုနဲ့ပဲ ကလေးတွေနဲ့ မိဘတွေကြားမှာ ဝေးကွာသထက် ဝေးကွာလာပါတယ်။

ကလေးတွေရဲ့ဘဝကိုလည်း စဉ်းစားကြည့်ပါဦး။ ကိုယ့်မိဘနဲ့ တနေ့နှစ်ခါလောက်ပဲ တွေ့ရတာ။ သူတို့မိဘတွေနဲ့ နီးနီးကပ်ကပ် နေဖို့ကြပြန်တော့လည်း မိဘတွေကလည်း အလုပ်ကိစ္စတွေများလို့ ပင်ပန်းပြီးနားချင် ကလေးတွေကလည်း ဟိုဟာပူစာ၊ ဒီဟာပူစာဆိုတော့ စိတ်ရှုပ်ရှုပ်နဲ့ ရော့… အင့်ဆိုပြီး ငွေပေးရောဗျာ။

တဘက်က ကလေးတွေရဲ့ဆန္ဒကြတော့ တကယ်တမ်းကြတော့ ဒီငွေတွေ သူတို့မလိုချင်ဘူး။ သူတို့ရဲ့ရင်တွင်းခံစားချက်၊ သူတို့ရဲ့ ဘဝအကြောင်း၊ ကျောင်းအကြောင်း၊ သူငယ်ချင်းတွေအကြောင်း ဒါတွေကို မိဘတွေ သိအောင်ပြောပြချင်တယ်။ ဒါပေမယ့် သူတို့တွေက ဒါတွေကို ဘယ်လိုပြောရမှန်းမသိဘူး။ မိဘတွေကလဲ အချိန်ပေးပြီး သေချာမမေးဘူး ဆိုတော့ကာ အခက်တွေ့နေကြတာပေါ့။

ဒီလို သားသမီးနဲ မိဘတွေကြား တစ်ယောက်နဲ တစ်ယောက် နီးနီးကပ်ကပ် နေကြပေမယ့် နှလုံးသားတွေ တစနဲတစ ဝေးလာကြတာ သူတို့ကို သူတို့တောင် မသိလိုက်ကြပါဘူး။ ဒီလိုအခြေအနေက ကလေးတွေ ငယ်တုန်းဆို သိပ်ပြီး ပြဿနာမရှိ၊ သိပ်မသိသာဘူးပေါ့။ ဟော… သူတို့လဲ အရွယ်ရောက်လာရော အဲဒီမှာ ပြဿနာစတော့တာပါပဲ။

သူတို့အသိစိတ်ကလေးတွေမှာ ငါ့မိဘက ငါတို့ကို ချစ်မှမချစ်တာ၊ ငါတို့လိုသလောက် တောင်းသလောက် ငါတို့မိဘတွေက ပေးနေတာပဲ ဆိုတဲ့အသိတွေ ဝင်လာပြီး ငါတို့လုပ်ချင်တာ လုပ်ပစ်မယ်ဆိုပြီး သူတို့တွေရဲ့စိတ် ရောက်ရာပေါက်ရာ နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကြပါတယ်။

တကယ်တော့ သူတို့ရဲ့ စိတ်ထဲမှာ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာမှန်တယ်ဆိုတဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည် ဒီအရွယ်တွေမှာ အလွန်နည်းပါသေးတယ်။ တချို့မိဘတွေက ဒီလိုအဆိုးအကောင်း ပိုင်းခြားတတ်အောင် ငါတို့ကလေးတွေကို ငါတို့ ကျောင်းထားပေးထားတာပဲ။ ဟုတ်ပါတယ်။ တစ်ချို့တစ်ဝက်တော့ မှန်ပါတယ်။

တကယ်တမ်း ကလေးတွေရဲ့ စိတ်ထဲမှာ ကျောင်းက သင်ပေးတဲ့ စာတွေကို (ကျွန်တော်တို့ရဲ ကျောင်းတွေမှာပါ) သူတို့တွေရဲ့ ဘဝအတွက် နောင်အသုံးဝင်လာမယ်လို့ မထင်ကြပါဘူး။ ဒီစာတွေကို မိဘက သင်ခိုင်းလို့ သာသင်ရတယ်။ စိတ်ထဲတော့ မရှိလှဘူးပေါ့။ ဒီစာတွေတတ်ရင် ဘွဲ့လေးတစ်ခုတော့ရမယ်။ ဘဝအာမခံချက်တော့ မရှိလှဘူး စသဖြင့် ဒီလိုအယူစွဲလေးတွေ ရှိနေကြတာပါ။
ဘယ်နည်းဘယ်လမ်းက ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို ကလေးတွေက ပြင်ပဗဟုသုတစာတွေဖတ်မှ သိနားလည်ကြမှာပါ။

စာဖတ်ဖို့ ဆိုတာကလည်း အကျင့်ဗျ။ လုပ်ယူမှရတာ။ မလုပ်ယူပဲ ဘယ်ကလေးမှ အလိုလျှောက် စာဖတ်ဝါသနာမပါကြပါဘူး။ (ကျွန်တော်ဆိုလိုတာ မိဘရဲ့ဗီဇအရ ပင်ကို စာဖတ်ချင်နေတဲ့ ကလေးတွေမပါပါဘူး။)

တကယ်တမ်း စဉ်းစားကြည့်ရင် စာဖတ်တာ ဝါသနာပါဖို့ ဆိုတာအတော်ခက်တာဗျ။ ကလေးတိုင်း ကာတွန်းစာအုပ်ကို ငယ်စဉ်က ဖတ်ဖူးကြမှာပါ။ အဲဒါက ကလေးတွေ စာဖတ်တတ်လာဖို့ စတာပါပဲ။ ဒါပေမယ့် အဲဒါဟာ စာဖတ်ဝါသနာရဲ့ အစမဟုတ်ဘူး။ စာဖတ်ဝါသနာ ပါလာဖို့ဆိုတာ မိဘတွေရဲ့ နည်းပေးလမ်းပြ လိုအပ်ပါတယ်။

မိဘကိုယ်တိုင်က စာဖတ်ဝါသနာမပါဘူး ဆိုရင်တော့ သူတို့ကလေးတွေလဲ စာဖတ်ဝါသနာရှင်လေးတွေ ဖြစ်လာအောင် ဘယ်လိုမှ အကြံပေးနိုင်မှာ မဟုတ်တော့ဘူး။ မိဘတွေကလဲ ကလေးတွေ စာအတော်အတန် ဖတ်နိုင်လာပြီဆိုရင် ဘယ်စာအုပ်ကို ဖတ်သင့်တယ်၊ ဘယ်စာအုပ်က ကောင်းတယ်ဆိုတာကို အကြံပြုသင့်တယ်။ မဟုတ်လို့ကတော့ ကလေးတွေက အပျော်ဖတ်စာတွေကိုပဲ ဖတ်ချင်သွားရော။

စာပေကို စော်ကားတာ မဟုတ်ပါဘူး။ ခေတ်အခြေအနေအရ စာပေလောကကြီးထဲမှာ အသားဖြူးဆေးကြော်ငြာတွေနဲ့ ဟိုလောက ဒီလောက အတင်းသတင်းတွေ ချည်းရေးသားထားတဲ့ စာပေတွေများပြားလာတာ တွေ့နေရလို့ပါ။ ကလေးတွေရဲ့ ဥာဏ်ရည်အဖွံဖြိုးဆုံးအရွယ်၊ မှတ်သားအား အကောင်းဆုံး အရွယ်တွေမှာ သူတို့ ဖတ်သင့် မှတ်သင့်တဲ့ စာပေတွေကို မိဘတွေက ရှာဖွေလမ်းကြောင်းဖို့ ပြောတာပါ။

ကလေးဆိုတဲ့ သဘာဝကလည်း အတုခိုးအရမ်းမြန်တယ်ဗျ။ သူတို့မှာ ဝေဖန်စဉ်းစားဖို့ဆိုတာ မသိသေးတော့ လူကြီးမိဘတွေ ဘာလုပ်လဲဆိုတာပဲ ကြည့်နေကြတာ။ မိဘက ရွှေစကား၊ ငွေစကားပြောရင် သူတို့လဲ ရွှေစကား ငွေစကားပြောမှာပဲ၊ မိဘက စာစကား ပေစကား ပြောတယ်ဆို သူတို့လဲ စာစကား၊ ပေစကားပြောမှာပါ။

ဆိုးပါတယ်ဆိုတဲ့ ကလေးတွေကိုကြည့်ရင် ရာခိုင်နှုန်းအများစုက သူတို့လေးတွေရဲ့ မိဘ(ဝါ) အုပ်ထိန်းသူ၊ သူတို့ရဲ့ ပတ်ဝန်းကျင်တွေကြောင့် ဆိုးတာပါ။ တစ်ချို့ကြတော့ ပင်ကိုဗီဇဗျ။ အဲဒီလို ကလေးကျ ခက်ရောဗျို့။ အဲဒီ့ဆိုးတဲ့ ဗီဇတွေကို သူတို့ငယ်ရွယ်စဉ်မှာ ထိန်းကြောင်းပြုပြင် လိုက်နိုင်ရင်တော့ ရေရှည်မှာကောင်းရော။

မိဘတွေကလည်း မွေးပြီးပြီးရောဆိုပြီး ကလေးတွေကို ဒီအတိုင်း ပြစ်မထားကြပါနဲ့။ ကိုယ့်ရင်သွေးမှာ ဘယ်သူက ဆိုးလာနိုင်တယ်၊ ဘယ်သူက ကောင်းလာနိုင်တယ်ဆိုတာ မိဘတွေ ကောင်းကောင်းသိကြပါတယ်။ သားသမီးဆိုတာ ကိုယ့်သွေးကိုယ့်သားက ဖြစ်တာဆိုတော့ အနဲနဲ့အများ သူတို့ဆီမှာလည်း ကိုယ့်ရဲကောင်းမွေ ၊ ဆိုးမွေလေးတွေတော့ ပါလာကြမယ်ဆိုတာ မိဘတိုင်းသိကြပါတယ်။

ဒီတော့ကာ ကိုယ့်သားသမီးတွေ မဆိုးလာဖို့ဆိုတာ မိဘတွေဆီမှာ ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်နိုင်ဖို့အသိတွေ လိုအပ်လာပါပြီ။ ကိုယ့်ကလေးတွေ လိမ္မာစေရန် သွန်သင်ဖို့ နည်းလမ်းဆိုတာ မိမိရဲ့ကိုယ်မှာ၊ မိမိပတ်ဝန်းကျင်မှာ အမြဲတစေရှိတတ်ပါတယ်။

ကလေးတွေရဲ့ရှေ့မှာ သူတိုလေးတွေဆိုးတာ၊ ညံ့တာတွေကို ခဏခဏ မပြောမိကြပါစေနဲ့။ သူတိုတွေရဲ့ နားကနေတဆင့် ဦးနှောက်ထဲမှာ ခဏခဏကြားပြီး သူတို့ဘဝ ဆိုးလှပါတယ်ဆိုပြီး လုပ်ချင်ရာလျှောက်လုပ်ရော။ အဲဒီလိုအဆိုးတွေကို ပြောမယ့်အစား သူတို့လေးတွေ မေ့နေတဲ့ သူတို့ရဲ့ပင်ကိုကောင်းတဲ့ အချက်ကလေးတွေကို ရှာပြီးပြောပေးပါ။

ပြောဆိုဆုံးမတဲ့အခါမှာလဲ ပျားသကာကဲ့သို့ နားဝင်ချိုသော အသုံးအနှုန်းများကိုသုံးပေးပါ။ တတ်နိုင်သ၍ အခြားလိမ္မာတဲ့ မိမိရဲ့သားသမီးတွေထက် ဆိုးမယ်ထင်တဲ့ မိမိတို့ရဲ့ ကလေးစိတ်ကို ပိုလေ့လာပါ။ ပိုအချိန်ပေးပါ။

မိဘတွေဆိုတာ တချိန်က သားသမီးတွေပါပဲ။ တချို့မိဘတွေက ကိုယ်သားသမီးဘဝမှာ ချုပ်နှောင်မှုများခဲ့တော့ ကိုယ်သားသမီးတွေကြတော့ သူတို့လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး အရမ်းကာရော လွှတ်ထားလို့ မရပါဘူး။ သူတို့တွေရဲ့အမြင်မှာ မိဘဆိုတာထက် မိတ်ဆွေအမြင်ရှိလာအောင် ပေါင်းရပါမယ်။

ငါအမိငါအဖပဲဆိုပြီး ကိုယ်သြဇာပေးတဲ့အတိုင်း နာခံရမယ်ဆိုတဲ့ အုတ်ထိန်းမှုဟာ အခုဆိုမရှိသလောက် ဖြစ်လာပါပြီ။ ခေတ်စနစ်တွေ ပြောင်းလဲမှုကြောင့် မိဘတွေဟာလဲ ကလေးတွေအပေါ် ကိုယ်လိုသလိုပုံသွင်းယူတဲ့ အချိန်မဟုတ်တော့ပါဘူး။ မတတ်နိုင်လဲ တတ်နိုင်သလောက် အချိန်ပေးပြီး ကလေးတွေနဲ့ အပြန်အလှန်မေးခွန်းလေးတွေ မေးပြီးဆွေးနွေးပါ။ သူတို့အမြင်မှာ မိဘဆိုတာ ကြောက်စရာ စိတ်ပျက်စရာကောင်းတဲ့ အမြင်ထက် သူတို့အတွေးအခေါ်လေးတွေကို ညိုနှိုင်းသုံးသပ်ပေးတဲ့ မိတ်ဆွေအမြင်မျိုး ဖြစ်လာအောင်ကျင့်ပေးကြပါ။

တခါတလေ ကိုယ်ပေးတဲ့ သံယောဇဉ်က သူတို့တွေကို ပိုပြီးဆိုးသွမ်းရန် တွန်းပို့နေသလို မဖြစ်အောင်တော့ သတိရှိဖို့ လိုအပ်ပါတယ်။ မယုတ်မလွန်တဲ့ ဆက်ဆံရေးကို ရှာပြီး ဆက်ဆံပေးစေလိုပါတယ်။ ကျွန်တော်တွေ့ကြုံဖူး၊ လေ့လာဖူးတဲ့ ဆိုးသွမ်းတဲ့ကလေး အတော်များများရဲ့ ဆိုးသွမ်းရခြင်း အဓိကအချက်တချက်ကတော့ သူတို့ မိဘတွေရဲ့အိမ်ထောင်ရေး ဖောက်လွှဲဖောက်ပြန်လုပ်မှုကြောင့်ပါ။

အဲဒီအချက်ကြောင့်ပဲ သူတို့လေးတွေရဲ့ အနာဂတ်ဟာ စမ်းတဝါးဝါးနဲ့လမ်းမှား ရောက်သွားတတ်ကြပါတယ်။ ခေါင်ကမှမလုံတာ မိုးယိုတာဘာဆန်းလဲ။ အမိုးအကာလုံလုံနဲ့ အိမ်တလုံးမှာ ပြင်ပလေဒဏ်မိုးဒဏ်ကို ကြံကြံခံနိုင်မှာမလွဲဘူးလေ။ ဒါကြောင့် သားသမီးလေးတွေ မဆိုးသွမ်းလာစေဖို့ ခေါင်တိုင်ဖြစ်တဲ့ မိဘတွေရဲ့ အိမ်ထောင်ရေး သစ္စာရှိမှုကလဲမလွဲမသေ လိုအပ်လာပါတယ်။

ပျော်ရွှင်သာယာဖွယ်ဖြစ်သော မိသားစုအသိုက်အမြုံလေး ဖြစ်အောင်ဖန်တီးနိုင်ကြပါစေ။

အခု ကျွန်တော် ရေးသားတဲ့ အကြောင်းအရာတွေထဲမှာ စာဖတ်သူတို့ မနှစ်သက်မဲ့ အကြောင်းအရာတွေ၊ အရေးအသား မပြေပြစ်တာတွေပါနေရင် ခွင့်လွှတ်ပြီးတော့ ဖတ်ပေးကြပါလို့ အနူးအညွတ်တောင်းပန်ပါတယ်။ ခေါင်းစဉ်နဲ့ပတ်သက်လို့ ကျွန်တော်သိသလောက်၊ အတွေအကြုံ အမြင်တွေကို ရေးသားထားတာပါ။ ဆွေးနွေးတဲ့ သဘောလေးပါ။ ဆရာလုပ်တာမဟုတ်ပါဘူး။


ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ





Saturday, February 5, 2011

သူရာနတ်သမီး၏ စလယ်ဆုံး ကကွက်များ

Mayahuel: Greek Goddess of Alchol

(၁)
ကမ္ဘာဦးထဲမှာ "ကျောက်ခေတ်ဘီယာခရားများ"* လဲလျောင်းနေ၏။
ဤသည်မှာ ဘီစီတစ်သောင်းကျော်မှ သူရာနတ်သမီး၏ အစ
သူမ ကနဦး ဘယ်ကစလို့.....၊ ဘယ်ကလာ......
ဂဃနဏ မသိကြ
ဘုမသိ ဘမသိ ရမ်းတုတ်ကြ
ဘုသိ ဘသိ ဖြေရှင်းကြ
သူမ အစ ပါရှားကတဲ့... ဒါလည်း ဖြစ်နိုင်သည်
သူမ အစ အီဂျစ်ကတဲ့...ဒါလည်း မှန်နိုင်သည်
သူမ အစ ဂရိကတဲ့.... ဒါလည်း ထောက်ခံသည်
သူမ အစ တရုတ်ကတဲ့... ဒါလည်း နီးစပ်သည်
သူမ အစ အိန္ဒိယကတဲ့... ဒါလည်း အလားအလာရှိသည်
သူမ အစ ရောမကတဲ့.....
သူမ အစ ဘေဘီလုံကတဲ့....
သူမ အစ ....သုရာနတ်ပြည်ကတဲ့.....
သူမ အစ....
သူမ အစ .....
အစ....အစနဲ့ .......
ဇစ်မြစ်ချ ဆွဲထုတ်လိုက်တာ
သူတစ်ပေါက် ငါတစ်ပေါက်နဲ့ ကပေါက်တိ ကပေါက်ချာ
ဘယ်ဟာမှန် ဘယ်ဟာမှား ဝိဝါဒနဲ့ အမျိုးအင်္သချေ
အယူမျိုးမျိုး သမိုင်းစုံစုံ ကျမ်းထိုထိုမှာ ဖော်ပြလိုက်ကြတာ
အိုကွယ်.... သူရာနတ်သမီးရေ စချင်သလိုသာ စပါတော့။

(၂)
အစပြီးတော့.....အလယ်
သူမ၏နာမ..........
သူ့အရပ် သူ့အခေါ် သူ့ဒေသ သူ့မူကွဲကြောင့်
သူရာနတ်သမီး နာမ.....
အမည်လွဲ အုပ်စုများစွာရှိသည်
အုပ်စုကွဲ အမည်များစွာရှိသည်
အမျိုးတူ သင်းကွဲများစွာရှိသည်
အသင်းတူ မျိုးကွဲများစွာရှိသည်
အရောင်တူ ပုံကွဲများစွာရှိသည်
ပုံစံတူ အရောင်ကွဲများစွာရှိသည်
အနံတူ အရသာပေါင်းစုံရှိသည်
ရသာတူ အနံကွဲများစွာရှိသည်
အခြား.... ခြားသော ဝိသေသနများနှင့်
သူရာနတ်သမီး ကကွက်တွေကတော့
ဆယ်နှစ်ကြိုး ကဝေ တစ်ကောင်အလားပါပဲ။

(၃)
ကောင်းခြင်းနှင့်လည်း သန္ဓေတည်မွေးဖွား
ဆိုးခြင်းများနှင့်လည်း ကျော်ဇောထင်ရှား
ယဇ်ပ္ပလင်ထက်မှ နတ်သြဿဓဆေးတဲ့
သောက်လျှင် သေရည်၊ ပြစ်လျှင် ဆေးရည်
များပြန်ရင်လည်း မူး၊ နည်းပြန်တော့လဲ ရူး
တန်ရင်တော့ ဆေး၊ လွန်လာရင်တော့ ဘေးပေါ့
အသူရာမကို သတိသာ ထားကြ
မယာအသင်္ချေဖြင့် ရစ်ခွေ
တဏှာကျွန်အဖြစ် ကျုံးသွင်း
ထိတွေ့ပေါင်းဖက် ယှက်နွယ်သူအစုံကို
သူမခြေရင်း ဝပ်ဆင်းမြေခ ကြွေကျသွားလောက်အောင်
ညှိငင်ဆွဲဆောင်လိမ့်မယ်
ဖန်ဆင်းစွမ်းဆောင်လိမ့်မယ်
ပြုစားခိုင်းစေလိမ့်မယ်
အရည်ခြုံ ကကွက်ဆန်းတွေနဲ့ သူမ ကပြအသုံးတော်ခံနေတယ်။

(၄)
စပျစ်ချိုရည် ဝိုင်တစ်ခွက် ကြားရုံနဲ့တင် သရေယို
နင့်အရသာ ဘယ်လိမ့်နိုးနဲ့ တမ်းတမိသေးတဲ့ အီဖေကို
မလုံတလုံ အဝတ်အစား ကြော်ငြာနဲ့ မယ်တော်လေးတွေ ဆွဲဆောင်ချက်
ဘီယာကိုပဲ အသားပေးကြော်ငြာတာလား မော်ဒယ်ရဲ့ဟန်အပြကြော်ငြာပေလား
လူရော ဘီယာရော နှစ်ခုစလုံးကို ကြော်ငြာတော့အမှန်ပဲ
လ္ဘက်ရည်ဓလေ့ထက် စတေရှင်းဘက် အသားပေးတဲ့ ခေတ်စမ်းအလင်္ကာတေး
အလန်းဇယားတွေ အကွက်ချဖို့ရာ
ဘီယာဟာ အရက်တော့မဟုတ်ပါ...
တငွေ့ငွေ့လေးနဲ့ အတော်လာတာ....
ဆိုရိုးလား ကြော်ငြာလား တဘောင်လဲ ဖြစ်နိုင်သည်
ယမကာလုလင်တို့ တငွေ့ငွေ့သက်ပျောက်သွားကြ
ငယ်နုစဉ်တုန်းပင် မြေခကြွေကျသွားရ
နေညိုရင် လေပျိုတယ်
နေစောင်းတော့ အဖော်ကောင်းနဲ့
အချိန်မနှောင်းခင် ကဲ...သယ်ရင်းရေ
စင်တင်ဂီတနဲ့ ရောင်စုံအလင်းတွေအောက်
အာလူးအရက်တစ်လုံးနဲ့သွားမှောက်ကြဦးစို့။

(၅)
အာလူးစား မုတ်ဆိတ်တွေကတော့ ဘုရားသခင်ရဲ့အသွေးတော်
ဆန်ကိုစား အာရှသားများအတွက်တော့ ဘုရားရှင်ရဲ့အပြစ်တော်
ဘယ်ဘက်က ကြည့်ကြည့် သူ့အိုးနဲ့သူ့ဆန် တန်တာချည်းပဲ။
ရှင်ဘုရင် သောက်တော့ ယစ်ရွှေရည်
လူကုံထံ သောက်တော့ ယမကာရည်
သူဖုန်းစား သောက်တော့ သေရည်
ဧကရာဇ်အစ ကုန်သည်အလယ် သူဖုန်းစားအဆုံး
ဘာအရည်ဖြစ်ဖြစ် သောက်လို့မူးလာရင်တော့ "သူရာမေရိယ"....ပါပဲ။
ဆန်ဖြင့် လုပ်သော် ပိဌသုရာ၊
မုန့်ဖြင့် လုပ်သော် ပူဝသုရာ၊
ထမင်းဖြင့် လုပ်သော် သြဒနသုရာ၊
တဆေးဖြင့်လုပ်သော် ကိဏ္ဏပက္ခိတ္တသုရာ၊
အသီးအစေ့ဖြင့် ပြုသော် သမ္ဘာရသံယုတ္တသုရာ၊
ကျမ်းဂန်လာ "သုရာ= ချက်ရည်"ဟု ငါးမျိုး ဖွဲ့ဆို၏။
အပွင့် စိမ်ပြုသော် ပုပ္ပါသဝ၊
အသီးကို စိမ်ပြုသော် ဖလာသဝ၊
စပျစ်သီး စိမ်ပြုသော် မဓွာသဝ၊
ထန်းရည် ကြံရည် ပြုလုပ်သော် ဂုဌာသဝ၊
ဖန်ခါးသီး စိမ်ပြုလုပ်သော် သမ္ဘာရ သံယုတ္တာသဝ ဟူ၍လည်း
"မေရိယ(ဝါ) စိမ်ရည်" ဟု ငါးမျိုးရှိ၏။
အမှန်အမှား ကွဲပြားမသိ
မှောင်အတိဖုန်းသော အဝိဇ္ဇာရည်ကို
ကျင့်ဝတ်နည်းဖြင့် ဝေရာမဏိ ရှောင်ကြည်ရမည်
သူရာခက်ဆစ် နိဂုံးတည်း။

ချမ်းဧအိမ်

* Stone Age Beer jugs


သူရာနတ်သမီးဆိုတာ ဂရိဒဏ္ဍာရီထဲက အရက်နတ်သမီး မာယာဟော ဆိုတဲ့ နတ်သမီး အကြောင်းကို ဖတ်မိပြီး "အရက်"ကို နတ်သမီးအဖြစ်နဲ့ တင်စားထားတာပါ။







ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Friday, February 4, 2011

ကိုယ်ပိုင်ခံစားချက် ဆိုတဲ့ ဧကံဖြိုး


တစ်ချိန်တုန်းက ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေပေါ်မှ ပေါက်ဖွားလာသော တက္ကသိုလ် နောက်ခံ သုံးပွင့်ဆိုင် အချစ်ဝတ္ထုတစ်ပုဒ်ပေါ့။ စာသားများကို မွေးဖွားသူ ဧကံဖြိုး က သူ့ကိုယ်ပိုင် ဇာတ်ကောင် ရဲရင့်ရယ်၊ လှိုင်းရယ်၊ မိုးခင်ခင်တို့သုံးယောက်ရဲ့ တစ်ဦးခြင်းစီရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ထုဆစ်ပုံဖော်ထားခြင်းဖြစ်သည်။ တက္ကသိုလ်များ၏ ဇာတ်လမ်းတွေထဲမှ ထူးခြားဆန်းသစ်သော ရသအသွင်တစ်မျိုးအနေဖြင့် ခွဲထွက်လာခဲ့သော စာရေးသူ ဧကံဖြိုးကိုယ်ပိုင်ခံစားချက် စာအုပ်ကလေးကို ၂၀၁၁ခုနှစ်၏ ချစ်သူများနေ့အမှီ ဖေဖဝါရီ ၉ရက်မှာ စတင်ဖြန့်ဝေမှာဖြစ်သည်။

လှပသော ဇာတ်လမ်းဇာတ်ကွက်များ၊ ရင်ခုန်ဖွယ် ချစ်ခြင်းတရား၏ ရသများ၊ တချိန်တခါက ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေရှိ လွမ်းမောအောက်မွေဖွယ်ရာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၏ လွတ်လပ်ပေါ့ပါးသော အချစ်ဇာတ်လမ်းများကို ဖတ်ရှုသူများ၏ ရင်ခွင်တွင် ထင်ကျန်ရစ်စေပြီး မိမိတို့ ချစ်သူများကို ဗယ်လင်းတိုင်း လက်ဆောင်ပေးဖို့ ကောင်းမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်စေနိုင်ပါသည်။

စာရေးသူ ဧကံဖြိုး မှာ ၁၉၉၅ ခုနှစ်တွင် အင်ကြင်းမြိုင်စာပေမှ ထုတ်လုပ်ဖြန့်ဝေခဲ့သော အချစ်ရှိသောနေ့စွဲများ အမည်ရှိ အချစ်ဝတ္ထုဖြင့် စာပေလောကထဲ ဝင်ရောက်ခဲ့သည်။ အချစ်ရှိသောနေ့စွဲများ ဝတ္ထုကို ထိုအမည်ဖြင့်ပင် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က သရုပ်ဆောင် ဒွေး၊ ထွန်းအိန္ဒြာဗိုလ်၊ ခင်ဇာခြည်ကျော် တို့ဖြင့် ဗီဒီယိုကားအသွင် ဖန်တီးခဲ့သည်။ ထိုဝတ္ထု၏ အရိပ်အငွေ့များသည် ထိုခေတ်အခါက လွမ်းမောကျန်ရစ်ခဲ့သော တက္ကသိုလ်နောက်ခံ ဇာတ်ကား ဖြစ်ခဲ့သောကြောင့် ၂၀၁၀တွင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ကပဲ ထိုဇာတ်လမ်းကို အမုန်းသမိုင်းဆိုပြီး အမည်ပြောင်းကာ စိုင်းစိုင်းခမ်းလှိုင်၊ မိုးဟေကို၊ သဉ္ဇာဝင့်ကျော် စသည့် ယနေ့ခေတ် နာမည်ကျော် သရုပ်ဆောင်များစွာဖြင့် ပြန်လည်အားဖြည့်ကာ ဒီဗီဒီ ဇာတ်ကားကောင်းတစ်ခွေ ဖန်တီးခဲ့ပြန်သည်။ ယနေ့ခေတ် မြန်မာရုပ်ရှင်လောက ဇာတ်လမ်းတွေထဲမှ တမူထူးခြားသော တက္ကသိုလ်နောက်ခံ ဇာတ်လမ်းကောင်းတစ်ကား ဖြစ်ပေါ်လာဖို့ဆိုတာ ရှားပါးလှပါတယ်။

စာရေးသူက ထိုကဲ့သို့ အောင်မြင်ခဲ့ရသော သူ၏ အချစ်ရှိသောနေ့စွဲများ ဝတ္ထုလေးကို ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေစေရန် ဒုတိယအကြိမ် ပြန်လည်စီစစ် တည်းဖြတ်ပြီး ကိုယ်ပိုင်ခံစားချက် အမည်ဖြင့် ပြန်လည်အသက်သွင်းခဲ့ပြန်သည်။ စာရေးသူ ဧကံဖြိုး သည် ဟန်သစ် မဂ္ဂဇင်း၊ ဖက်ရှင် မဂ္ဂဇင်း၊ မြှားနတ်မောင် မဂ္ဂဇင်း၊ ကြော်ငြာ မဂ္ဂဇင်းတို့တွင် ၁၉၉၀ မှ ၁၉၉၅ အထိပါဝင်ခဲ့သည့် သူ၏  ဝတ္ထုတို ၁၂ ခုကို စုစည်းထားသော လက်ရွေးစင် ဝတ္ထုတိုစာအုပ် လည်း ၂၀၁၂ ခုနှစ်လောက် ထွက်ရှိလာဖို့ ရှိပါသည်။ သူ၏ ဒုတိယမြောက် ဝတ္ထုအသစ်ကိုလည်း လာမည့် မတ်လလောက်မှာ ဆက်လက်ဖြန့်ဝေဖို့ရှိကြောင်း သတင်းကောင်းပါးရင်း စာရေးသူ ဧကံဖြိုး၏ ကိုယ်ပိုင်ခံစားချက် စာအုပ်လေးကို မျှဝေခံစားနိုင်ကြပါစေ။

( ကျွန်တော့်မိတ်ဆွေကြီး ဧကံဖြိုးရဲ့ ကိုယ်ပိုင်ခံစားချက် စာအုပ်ကလေးကို ကျွန်တော်ဘလောက်လေးမှ ဖော်ပြ ကူညီရတဲ့အတွက် ဝမ်းမြောက်မိပါသည်။ ကိုဧကံဖြိုး စာပေမြစ်ပေါ်မှာ အောင်မြင်စွာ ဆက်လက်စီးဆင်း နိုင်ပါစေဗျာ။ဗီဒီယိုနှစ်ကားလုံးကို ကြည့်ဖူးခဲ့ပြီး ဒီနှစ်ကားလုံးရဲ့ဇာတ်လမ်းဖန်ဆင်းရှင်ဟာ ကျွန်တော်နှင့် နီးကပ်စွာ ခင်မင်ခဲ့ရတဲ့ ကျွန်တော်မိတ်ဆွေကြီး ဖြစ်နေခဲ့တာမို့ ထိုစာအုပ်ကလေးသည် ကျွန်တော်ကို အမှတ်တမဲ့မှ အမှတ်တရများစွာ ရှိခဲ့တဲ့ စာအုပ်ကလေးပါ။ ကျွန်တော်၊ မနှင်းကိုလင်းကြယ်ဖြူကိုကြီးပီတာ တို့မှ ခင်မင်ရသော မိတ်ဆွေကြီး ဧကံဖြိုး၏ ကိုယ်ပိုင်ခံစားချက် အတွက် အမှတ်တရ.......)
ဆက်လက်ကြိုးစားပါဦးမည်။
ချမ်းလင်းနေ