Friday, November 12, 2010

ကုန်းဘောင်နောက်ဆုံးသွေးစက်၏ ပုံရိပ်များ




မြန်မာဝတ်စုံနဲ့ ကျက်သရေရှိလှတဲ့ မြန်မာသွေး (ရိုးရိုးသွေးတောင်မဟုတ်ဘူး၊ ဗမာ့တော်ဝင်သွေး) တစ်ဝက်ပါတဲ့ သူမအလှဟာ ဘယ်လောက်လှပ ကျက်သရေရှိလိုက်သလဲဗျာ။
ဘိုကပြား အင်္ဂလိုဗားမားတစ်ယောက်ဖြစ်တဲ့ သူမဟာ လွန်ခဲ့သော သုံးဆယ်ငါးနှစ်ကျော်လောက်တုန်းက မြန့်မာသမိုင်းမှာ ဟိုးလေးတစ်ကျော် နာမည်ကျော်ကြားဖူးသူ တစ်ယောက်ပါ။ ကျွန်တော်တောင် ကျွန်တော့် အဖေပြောပြလို့ သူမနာမည်ကို ကြားခဲ့ဖူးတယ်ဆိုယုံ လောက်ပါပဲ။ သူမနာမည်ကြားခါစကဆို အတော်လေးလှတဲ့ နာမည်ပဲလို မှတ်ယူခဲ့ဖူးတယ်။ နာမည်လေးတင်လှတာမဟုတ်ပဲ သူမဓာတ်ပုံ မြင်တော့လဲ တခေတ်တခါက အတော့်ကို နာမည်ကြီးခဲ့တာပဲဆိုတာ နဖူးတွေ့ဒူးတွေ့ယုံသွားတော့တယ်ဗျာ။သူမ အမည်ကတော့ “ရတနာနတ်မယ်” ဆိုတာပါပဲ။

ရတနာနတ်မယ်သည် နိုင်ငံတော်သမ္မတကြီးဟောင်း ဦးနေဝင်း၏ တတိယ အိမ်ထောင်ဘက် ဖြစ်ခဲ့ပါသည်။ မြန်မာပြည်ရဲ့ First Lady တစ်ဦးဖြစ်ခဲ့ဖူးပါသည်။ ရတနာနတ်မယ်သည် သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ပြင်ဦးလွင်၊ မြင်းပြိုင်ကွင်း မြင်းဒိုင်ချုပ် ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နှင့် လင်းပင်ထိပ်တင်မလတ်၏ သမီးဖြစ်သည်။ ၁၉၃၁-ခုနှစ်တွင် ရတနာနတ်မယ်ကို မွေးဖွားခဲ့၍ အဖိုးအဖွား ဖြစ်သော လင်းပင်မင်းသားကြီးနှင့် ရေနံသာခင်ခင်ကြီးတို့က အသက်ကြီးမှ ကလေးရသောကြောင့် နတ်ကပေးသော ကလေးဟုဆိုကာ လင်းပင်ထိပ်တင်မလတ်၏ သမီးကို ရတနာနတ်မယ်ဟု အမည်ပေးခဲ့သည်။ ကနောင်မင်းသား၏ မြစ်တော်တယောက် ဖြစ်သည်။


၁၉၇၆ ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံ မျက်နှာဖုံးသတင်း

လင်းပင် မင်းသားကြီး၏ သမီးတော် ထိပ်တင်မလတ်က အသက် ၃၆ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးသည်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန်တယောက်နဲ့ ၁၉၂၁ခု အောက်တိုဘာလမှာ လက်ထပ်ခဲ့ပါသည်။ သားလေး ၂ယောက် ရသည်။သူမကို အချို့က သစ်ခွစုဆောင်းသူလို့ ပြောခဲ့ကြပါတယ်။ သေချာတာကတော့ သူမဟာ မြန်မာပြည်မှာ အတော်ကြာကြာ နေထိုင်သွားခဲ့ပါတယ်။

လင်းပင်မင်းသားကြီး နှင့် ရေနံသာခင်ခင်ကြီးတို့နှစ်ဦးစလုံးက ချောမောခန့်ညားကြသလို သူတို့ရဲ့သမီးတော် ထိပ်တင်မလတ်ကလည်း ချောမောပြီး အင်္ဂလိပ်အသိုင်းအဝိုင်းမှာ ထင်ရှားခဲ့တဲ့သူဖြစ်ပါတယ်။။ သူနဲ့ Mr Herbert Bellamy ကမွေးလာတဲ့ ရတနာနတ်မယ်ကတော့ အဖေအမေ အဖိုးအဖွားရဲ့ အလှအပေတွေ စုပြီး မြန်မာသွေးနဲ့ အနောက်သွေးနှောတဲ့သူမို့လို့ အင်မတန်လှပပါတယ်။ ခေတ်ပညာတတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်းထဲ ကြီးပြင်လာခဲ့သူမို့ ရတနာနတ်မယ်ဟာ လူဂုဏ်တန်နဲ့ အင်္ဂလိပ်အသိုင်းအဝိုင်းထဲမှာ ထင်ရှားခဲ့ပါတယ်။

ပြင်ဦးလွင် စိန့်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်း (ယခု အထက ၄)မှာ အထက်တန်းအထိ ပညာသင်ကြားခဲ့ပြီး မြင်းစီး ကျွမ်းကျင်သူ၊ တင်းနစ်ရိုက်ရာမှာ ထူးချွန်သူ၊ အရပ်အမောင်း ကောင်းသူ ဖြစ်တယ်လို့ ဆိုပါသည်။ သူမကို တချိန်တုန်းကဆိုရင် she was once the cream of Rangoon society during the 1950s and 1960s လို့တောင် ပြောကြပါသည်။ နိုင်ငံခြားသားနှင့် လက်ထပ်ပြီး ရတဲ့ကလေး ဖြစ်ပေမယ့် ကုန်းဘောင်မင်းမျိုး အဘိုးအဘွားတွေက သူ့ကို အတော်လေး ချစ်မြတ်နိုးပုံ ရပါသည်။

ယခုအခါမှာတော့ အီတလီ၏ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်သောFlorence မှာ နေထိုင်သည့် Ms June Rose Bellamy (ခေါ်) ရတနာနတ်မယ် သည် Associazione Culturale Arte e Gastronomia Orientale ဆိုင် ဖွင့်ထားပါသည်။

Ms June Rose Bellamy

ဖလောရန့် မြို့မှာ Studio June Bellamy ဆိုသော Cooking School ဖွင့်ထားပါသည်။ သူမဟာလည်း ကျော်ကြားသည့် Chef တစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့ ဝဘ်ဆိုဒ်လေးမှာ မြန်မာအငွေ့အသက်လေးတွေ မြင်နိုင်ပါသေးသည်။ သူမရဲ့ ဒီအခန်းလေးထဲမှာ သူ့ဖခင် ဝါသနာပါတဲ့ မြင်းပုံတွေကို အမှတ်တရ ရေးဆွဲထားသလို သူ့အဘိုး လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ရဲ့ မင်္ဂလာပွဲ ပုံကိုလည်း ရေးဆွဲထားတယ်လို့ သိရသည်။



Herald Tribune အဖွဲ့အစည်းကနေ ကြီးမှူးကျင်းပတဲ့ The World We Want ဆိုတဲ့ ဖိုရမ်မှာ မြန်မာပြည် ကိုယ်စားပြု တက်ရောက်ရ သူတွေက ရတနာနတ်မယ်နဲ့ ရစ်ချက်ထွန်းညွန့်တို့ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံပေါင်း ၁၆နိုင်ငံက ကျောင်းသားကျောင်းသူ ၃၂ဦး တက်ရောက်ပြီး ကမ္ဘာ့နိုင်ငံ တစ်ခုနဲ့တစ်ခု ကြားက ဆင်းရဲချမ်းသာ ကွာဟမှု၊ အချစ်အမုန်း အာဃာတတွေကို ဖယ်ရှားပြီး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာ့မိသားစုကြီး တစ်ခုလို တည်ဆောက်ကြမယ် ဆိုပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်တဲ့။ ခန့်မှန်းချက်အရ ၁၉၅၀ ဝန်းကျင် ဖြစ်မယ်လို့ ထင်ပါတယ်။ ရတနာနတ်မယ် အသက် ၂ဝ လောက်မှာ ဖြစ်ပါတယ်။






လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေးတော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ်ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။ နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင်မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။ ၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။
မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန် အလည် ရောက်ခဲ့သေးတယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သိရသည်။


နောက်ပြီး ရတနာနတ်မယ်ရဲ့ အကြောင်းတွေ ထပ်သိချင်ရင်တော့ ဒီနေရာလေးတွေမှာ သွားရောက်လေ့လာနိုင်ပါတယ်။
Griffith Review
ဝီကီမြန်မာ
ညီလင်းဆက်
Studio June Bellamy
LIFE Images (ရတနာနတ်မယ်၏ ငယ်ရွယ်စဉ်ပုံရိပ်များ)

Tuesday, September 14, 2010

သခင်မ



ဆယ်နှစ်ကြိုး ကဝေအတတ်နဲ.....
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြူစားတတ်တဲ့......'ရွာသူ'ရေ

ရင်ခုန်သံတွေကိုပဲ 'ခေါစာပစ်'လိုက်တယ်.......
သခင်မ .......
ပျော်ပါ ......၊ ပါးပါ .......၊ စားပါ .......၊ သောက်ပါ ......

မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်ကိုလည်း အပြစ်က လွှတ်တော်မူပါ .....။

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မူပါ .....။

'တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး'ဆိုတဲ့
ဟောဒီက ငပျင်း ......အတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မူပါ ..........

မင်းခိုက်စိုးစံ

Friday, September 10, 2010

တို့လို့တွဲလောင်း ဘဝများ










လိုင်းကားတွေပေါ်မှာ တို့လို့တွဲလောင်းနဲ့ လိုက်ပါသွားတဲ့ သူတွေကိုတွေ့တိုင်း ဒီလူတွေ ဘာလို့ ဒီလောက်ထိ အလျင်လိုနေပါလိမ့်လို့ ကျွန်တော် အမြဲတွေးမိတယ်..။ လက်တစ်ကိုင်စာ၊ ခြေတစ်ဖက်ရပ်စာလေး ရရုံနဲ့ သူတို့ရဲ့ လိုရာပန်းတိုင်ကို ရောက်နိုင်ပြီလို့ ယုံကြည်လို့ရင်လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒီလိုဆိုရင်... အဲဒီလိုလူတွေရဲ့ ဘဝပန်းတိုင်တွေ ဆိုတာကရော... အဲလိုပဲ လက်တစ်ကိုင်စာ၊ ခြေတစ်ဖက်ရပ်စာလေး ရရုံနဲ့ ရောက်နိုင်ပြီလား...


စဉ်းစားမယ်ဆိုရင်လည်း စဉ်းစားစရာချည်းပဲ....

တွေးမယ်ဆိုရင်လည်း တွေးစရာချည်းပဲ...

ပြောမယ်ဆိုရင်လည်း ပြောစရာချည်းပဲ...

မေ့ပစ်မယ်ဆိုလည်း မေ့ပစ်စရာချည်းပဲ...


မနေ့ညက တာမွေအဝိုင်းကနေ သင်္ဃန်းကျွန်း စံပြဈေးဘက်ကို သွားဖြစ်တယ်...၊ စီးသွားဖြစ်တဲ့ လိုင်းကားက ဘီအမ်လေးပါ။ ကားက လူချောင်တယ်...၊ ခုံအလွတ်တွေချည်း တော်တော်များများရှိနေလို့ ကျွန်တော်လည်း ထိုင်ခုံရတယ်ပေါ့ဗျာ...။ ကျွန်တော့်ဘေးမှာလည်း အသက် (၂၇)နှစ်လောက်ရှိတဲ့ အစ်ကိုတစ်ယောက် ထိုင်တယ် ဗျ..။ ထမင်းချိုင့်နဲ့ ဘာနဲ့ဆိုတော့ အလုပ်ကနေ ပြန်လာတာဖြစ်မယ်။ ဒီလိုနဲ့ ကားခပေးကြတယ်၊ ကားခက နှစ်ရာ တဲ့...။ ကျွန်တော်ပေးလိုက်တယ်၊ ကျွန်တော့်ဘေးက အစ်ကိုကတော့ တစ်ရာတန်တစ်ရွက်ပဲ ထုတ်ပေးတယ်ဗျ။ ကားစပယ်ရာက "မရဘူး၊..နှစ်ရာ" လို့ ပြန်ပြောတယ်။ အဲဒီ အစ်ကိုက မပါတော့ဘူးလို့ ပြောလိုက်ပုံရတယ်...။ ကားစပယ်ရာက မထင်မှတ်တဲ့ စကားတစ်ခွန်းကို ပြန်ပြောလိုက်တယ်ဗျ...


"တစ်ရာဆို မတ်တပ်ထစီး...."


အဲဒီလိုပြောလိုက်ပေမယ့် ဟိုအစ်ကိုက မျက်နှာ တစ်ချက်ပျက်မသွားဘူး၊ အေးအေးဆေးဆေးပဲ မတ်တပ်ရပ် စီးရှာတယ်၊ ကျွန်တော်လည်း တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမယ့် သူ့မျက်နှာနဲ့ သူ့ပုံစံအရ ကျွန်တော်က ထပြီး စိုက်ပေးလိုက်မယ်ဆိုရင်လည်း သူ့ကို စော်ကားရာရောက်မယ့် အခြေအနေမျိုး ဖြစ်နေ တယ်။ သူ့မျက်နှာမှာ သိမ်ငယ်မှု မရှိဘူး၊ ဘာပဲပြောပြော ကျွန်တော် စိတ်မကောင်းဖြစ်ရပေမယ့် အဲဒီအစ်ကိုရဲ့ ပုံစံကို သဘောကျလေးစားသွားတယ်။ နောက် တစ်ဆက်တည်း ဒါ ယောကျာ်းတစ်ယောက်ရဲ့ အတ္တနဲ့ မာန ပဲ...လို့လည်း တွေးလိုက်မိတယ်။


ဒါပေမယ့် ဒါ သိပ်တော့ သဘာဝမကျလှဘူး၊ ကားထဲမှာ ထိုင်ခုံအလွတ်တွေရှိနေပါရဲ့နဲ့ လူတစ်ယောက် မတ်တပ် ရပ်စီးနေရတယ်...။ ကားစပယ်ယာရဲ့ အတွေးအခေါ်နဲ့ လုပ်ပုံကပဲ ကျွန်တော် စဉ်းစားမရနိုင်လောက်အောင် လက်တွေ့ ကျနေတာလား၊ ဒီကနေ ဟိုကိုသွားမယ့်ခရီးမှာ...ကားပေါ် လူတစ်ယောက် ထိုင်နေလို့ ကားပိုလေး သွားမှာလား...။ ထိုင်စီးရင်လည်း ဒီခရီး၊ ထစီးရင်လည်း ဒီခရီး...အတူတူ။ ထိုင်ခုံအလွတ်တွေကို ဒီအတိုင်းထား ပြီး ငွေတရာမရှိလို့ ဆိုပြီး လူတစ်ယောက်ကို ညှဉ်းပန်းတာမျိုးလား....။


အဲဒီအဖြစ်လေးကိုကြည့်ပြီး ကျွန်တော် ဆက်တွေးမိတယ်...၊ ပိုက်ဆံတစ်ရာ မပေးနိုင်လို့ ထစီးနေတဲ့ အစ်ကိုဟာ ကိုယ့်အားကိုယ်ကိုးပြီး ဘဝကိုရုန်းကန်နေရတဲ့ ခေတ်လူငယ်တွေကိုများ ကိုယ်စားပြုနေသလား...၊ ဘာဖြစ်လို့လဲ ဆိုတော့ ငွေအားကိုး၊ လူကပ်အားကိုးနဲ့ ဘလိုင်းကြီး ကျော်တက်ခံရတဲ့အပြင် တစ်ခါတစ်ခါ မတ်တပ်ရပ်စီးဖို့ပါ အမိန်ပေးခံရတာတွေ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်များများ ကြုံတွေ့ခဲ့ရပြီးပြီလဲ...


ဒါပေမယ့်လည်း... ကိုယ့် ရည်ရွယ်ရာပန်းတိုင်လေးတွေဆီ ရောက်ဖို့အတွက်တော့...လက်တစ်ဖက်ကိုင်စာရရင် လက်တစ်ဖက်စာနဲ့၊ ခြေတစ်ဖက်ရပ်စာရုံလေးရရင် ခြေတစ်ဖက်စာနဲ့ ဘဝကို တို့လို့တွဲလောင်း လိုက်ပါဖြတ်သန်း ရင်း ခရီးဆက်နေကြရဦးမှာပါပဲလေ....

Tuesday, August 31, 2010

မစန္ဒာ၏ စာအုပ်များ

  1. မစန္ဒာ - ဂျီဟောသူ
  2. မစန္ဒာ - ငယ်သူမို့မသိပါ
  3. မစန္ဒာ - အရိပ်
  4. မစန္ဒာ - ဘဝအိပ်မက် ပန်းအိပ်မက်
  5. မစန္ဒာ - တိမ်ဖုံးပါလို့ လမသာ
  6. မစန္ဒာ - ငြိုးမာန်ဖွဲ့သူရယ်
  7. မစန္ဒာ - နက်ဖြန်ခါ
  8. မစန္ဒာ - ဆဌဂံ
  9. မစန္ဒာ - ကွက်လပ်ကလေးဖြည့်ပေးပါ
  10. မစန္ဒာ - ပန်းစကား
  11. မစန္ဒာ - ပုစ္ဆာ
  12. မစန္ဒာ - နှင်းဆီ
  13. မစန္ဒာ - စိမ်းရွက်တစ်ဝေဝေ
  14. မစန္ဒာ - ဟိုဘက်ကမ်းက လွမ်းပုံပြင်
  15. မစန္ဒာ - စက်ဝိုင်း (ဝတ္ထုတို)
  16. မစန္ဒာ - ပန်းပွင့်ခရေနှင့် အခြားဝတ္တုများ
  17. မစန္ဒာ - မဂ္ဂဇင်းဝတ္ထုရှည်များ (၃)
  18. မစန္ဒာ - မဂ္ဂဇင်းဝတ္ထုရှည်များ (၄)
  19. မစန္ဒာ - ၀တ္ထုတိုများ ၂
  20. မစန္ဒာ - ၀တ္ထုတိုများ ၃
  21. မစန္ဒာ - ၀တ္ထုတိုများ ၎
  22. မစန္ဒာ - ၀တ္တုတိုများ ၆
  23. မစန္ဒာ - ၀တ္ထုတိုများ ၇

သုမောင်၏ စာအုပ်များ

















  1. သုမောင် - အရက်သမား အမှားတစ်ခါ
  2. သုမောင် - မျိုးရိုးထဲမှ ဆိုးပေကြီးများ
  3. သုမောင် - ခလုတ်တိုက်မိသောစရိုက်များ

Sunday, May 9, 2010

အသိုက် နှင့် အမေ့အလွမ်းသင်ရိုး တမ်းချင်း

"အသိုက်"

တိမ်တွေက ပြို
မိုးမည်းတွေ ညို
ခေါင်က မိုးယို
တဲအိုလေးထဲ
ကြောက်အားပို
သားငယ် အငို
ချော့မြူအားပေး
ရင်ငွေ့ထွေးကာ
နို့တိုက်ရှာတဲ့
အို..ဘယ့် မိခင်။

အမယ်က အို
သားက ပျို
ကြင်ယာစုံ
သိုက်မြုံလေးထဲ
အူစိုအောင်
တစ်ကိုယ်စာ
ကြံဖန်စားရှာတဲ့
အမယ်အို့ ဒုက္ခ
သားငယ်ပျို
ဂဃနဏ
မသိရှာဘူး။

ချမ်းဧအိမ်

♥♡♥♡♥♡♥♡♥♡♥♡♥♡♥♡♥♡♥♡♥♡♥♡

"အမေ့အလွမ်းသင်ရိုး တမ်းချင်း"

ဒီကနေ့ ...........
အမေများနေ့ ရောက်ပြန်ပြီ မေမေ။

မေမေ့ မွေးကျေးဇူးကျွေးကျေးဇူး
မဆပ်နိုင်တဲ့ သားအတွက်
မေမေ ခွင့်လွှတ်နားလည်ပါစေ မေမေ။

ရင်ခွင်တစ်စုံ ပျောက်ရှခဲ့တဲ့
အမိမဲ့သား ကျွန်တော်တစ်ယောက်
တုနှိုင်းမရ မေမေ့ မေတ္တာတွေ
ခဏခဏ ငတ်မွတ်နေတယ် မေမေ။

အမှောင်ကွယ်ရာ ချောင်တစ်ချောင်မှာ
တိတ်တိတ်ကလေးဆွေး၊ ငြိမ့်ငြိမ့်ကလေးငေးလို့
အမေထွက်သွားတဲ့လမ်း မျော်မှန်းတမ်းတနေမိတယ် မေမေ။

တစိမ့်စိမ့်ယို စီးဆင်းကျလာတဲ့
မေမေ့ကိုလွမ်းတဲ့ သားမျက်ရည်တွေကလေ
ဘယ်သူ့မှမမြင်နိုင်တဲ့ နှလုံးသားအတွင်းပိုင်း
တနေရာမှာလေ "တမ်းချင်းမြစ်" ဖြစ်လို့ပေါ့။

မေတ္တာရုံလွှာ လွှမ်းခြုံထားတဲ့
အမေ့ကွန်းခို အေးရိပ်မြုံမှ
အနွေးဓာတ်ဆက်လက်နဲ့
တဖန်ပြန်ပြီး လှမ်းထွက်
ထွေးပိုက်လှဲ့ပါ မေမေ။

ချမ်းဧအိမ်

လူတွေအတွက်သာ တနေထွက် တနေဝင် အလုပ်ပြီးသွားကြပေမယ့်
အမေ့ အလုပ်ကတော့ ထာဝရ မပြီးနိုင်ဘူး။

လူသားတွေအတွက်သာ အချစ်သစ် အချစ်ဟောင်း ပြောင်းလဲသွားကြပေမယ့်
အမေ့ အချစ်ကတော့ ထာဝရ မအိုဟောင်းနိုင်ဘူး။


ရင်တွင်းပြတိုက်ထဲက လမ်းပြကြယ်

ဝသုန်တည်တဲ့သစ္စာ

ဆက်လက်ကြိုးစားပါဦးမည်။

Tuesday, May 4, 2010

ရင်ငွေ့နှင့်သွန်းသော ကဗျာတစ်စင်း

ရင်ငွေ့နှင့်သွန်းသော ကဗျာတစ်စင်း

အိပ်မက်ထဲကြွေ
မှုန်ဝါးစေတဲ့
နှလုံးသားရဲ့ခြေသံ
ပဲ့တင်ပြန်တော့
ငါ့....စိတ်ကူးတို့
သက်တံဖြစ်၏ ။

ဒဏ္ဍာရီဆန်
ဖန်နန်းတော်ထဲ
ကြယ်ကြွေတစင်း
မြေခပြန်တော့
ငါ့...မြို့ရိုးထက်
တောက်ပစေ၏ ။

ရင်နှင့်သွန်းစစ်
ပုံလောင်းရစ်သော
ကဗျာမြစ်တစ်စင်း
စီးဆင်းပြန်တော့
ငါ့....ရာဇဝင်ထဲ
အက္ခရာတင်၏ ။

ချမ်းဧအိမ်