Wednesday, July 1, 2009

ကိုငှက်အမှတ်တရ - ၁


***အစ၏အဆုံး (သို့မဟုတ်) အဆုံး၏အစ***

ကမ္ဘာဦးသူတို့သည် ရသပထ၀ီကိုစားကုန်၏။ အချို့အဆင်းလှကုန်၏။
အချို့အဆင်းမလှကုန်။
ထိုသူတို့တွင်
အဆင်းလှသူတို့သည် အဆင်းမလှသူတို့ကို
မထီမဲ့မြင်ပြုကြကုန်၏။
ထိုသို့ပြုသည်ရှိသော် .. ။
(ဦးကုလားရာဇ၀င်)
နှလုံးသားနဲ့ဖတ်ဖို့
(ရင်၌ဖြစ်သော)
ချစ်ဇနီးသို့။

သျှပ်မှူးကျော်

ကိုငှက်အမှတ်တရ - ၂


***ချောင်းကြည့်ပေါက်များ***
သူ့အလို …
အထက် အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ
(၁) “စကားလုံးများ”ဟာ “အတု”ဖြစ်ပြီး
“စိတ်”သည် “အစစ်အမှန်”ဖြစ်တယ် … တဲ့။
(၂) “ခြေထောက်တွေ”ဟာ “လမ်း”ဖြစ်ပြီး
“ငါ”သည် “ခရီးဆုံး” ဖြစ်တယ် … တဲ့။
(?) ဆိုတော့ကာ
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီ စကားလုံးတင်းကျမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ … တဲ့။

အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒါ ငါကဖြင့် … တဲ့။

အင်း …
ပျင်းတယ်ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ …
… … … ။ ။
သျှပ်မှူးကျော်

ကိုငှက်အမှတ်တရ - ၃

*** မနှင်းဖြူ ***

“ တစ် ”
ချစ်သူ
သင့်နှလုံးသားသည်
ပျားသို့ချို၏။
သို့ပြီးတကား
ဓားသွားမူ ထက်စွာ၏ .. ။

“ နှစ် ”
ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးနှင်းဆီဖြူဟာ၊ ငါ့သခင်မ
ငါ့ဘ၀ရဲ့ ကိုယ်ပွားအသက်ပါ။
မင်းဘ၀နဲ့ ငါရှင်သန်တယ်။
ပျိုရွယ်ခြင်း၊ ချိုမြတဲ့အဆိပ်
အိပ်ရာဝင်ပုံပြင်ထဲက
နတ်သမီးတစ်ပါးရဲ့ အလှကို ငါမှတ်မိခဲ့ပြီ။
ဒီဇင်ဘာမှာ နှင်းကျတယ်
တစ်လလုံးပါပဲ
ပထမဆုံးနှင်းပွင့်ကတော့
သူပေါ့ကွယ်၊ ဆွတ်ဆွတ်ဖြူဖြူ
ငန်းမွှေးတောင်သွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့ ၊ သူ ....
“ မနှင်းဖြူ ” လေ။

“ သုံး ”
“ မနှင်းဖြူ ”
မင်းဘယ်သူလဲ ..
ငါကလွဲလို့ ၊ မင်းတောင်မှမသိ
မြတ်နိုးမိသူပါ။ သူဟာ ...
ငါ့ဘ၀ရဲ့ ပထမဦးဆုံး
နှင်းဖုံးတောင်တန်းများရဲ့ နတ်မိမယ်
သံယောဇဉ်အနွယ်များရဲ့ မိခင်
ပွင့်ဦးသခင် ဆိုနိုင်ပါရဲ့။
နွဲ့လျတဲ့ခြေလှမ်းများ
ငါ့နှလုံးသားမှာ ..
ဒဏ်ရာထင်အောင် ပြင်းထန်ခဲ့ ၊ ကဲ ...
ဒီလိုဘယ်သူသိမလဲကွယ်။

“လေး”
ဆောင်းညရဲ့ နှုတ်ခမ်းအစွန်းမှာ
လမ်းများပေါ် “ငါ ” တေးသီခဲ့တယ်
နားမလည်နိုင်တဲ့ ခံစားမှုဘဝ
တေးချင်းမှာ စတည်ခဲ့ပေါ့။
ဖျော့တော့တဲ့လရောင်သွန်းချိန်
မှိန်ပြာပြာ နှင်းစက်ကြွေသံလို
ကောင်းကင်ငိုနေရဲ့ ၊ အို .. အလှ
မင်းကို တမ်းတလို့ ..
“ကိုစောငြိမ်း” ရဲ့ “ပွင့်ဦး”
ငါဆိုခဲ့ဖူးပြီ .. ။

“ငါး”
ဟောသည်မှာ အချစ် ..
ကဗျာလိုလှတဲ့ ပန်းပွင့်၊ သစ်ရွက်
စက်နဲ့လုပ်တာမဟုတ်။
မင်းအတွက်ပဲ သည်မှာ
နုံချာပေမယ့် လတ်ဆတ်တဲ့နှလုံးသား
ဥပက္ခာမထားစေချင်
အရှင် .. သခင် ..
သစ်ခက်ပလ္လင်မှာစံ၍
တေးချင်းကို နာခံ
မိုးယံ၌ပြည့်သော ပီတိနှင့်
တင့်တယ်စေပါမည်။

“ခြောက်”
လုံမရဲ့ အကြည့်
နေထိတဲ့ ပန်းပါပဲ၊
ညိုးလျော်ဆဲအပြုံးဟာ
ပြည့်ဝပါပေရဲ့
စောင့်စားသူ နေပူမှာရပ်လို့
မင်းကို စောင့်ဖို့ ငါအသက်ရှင်တယ်။
သစ်ပင် ၊ တောတောင် ၊ နေရောင် ..
ငါ့သခင် အောင်နိုင်တယ်။
ဘယ်သူငြင်းမလဲ အိုအချင်းတို့
အို .. အမျိုးကောင်းသားတို့
ငါ့အားခွင့်လွတ်ကြပါလေ ..
အချစ်စေကျွန်ဖြစ်တယ်။
ဇာမဏီငှက်၏ တင့်တယ်ခြင်းဖြင့်
ကြယ်ပွင့်တို့ကို နွံ၌နစ်စေသူ ..
ချစ်ခြင်း ၊ မုန်းခြင်း ၊ ဥပက္ခောနှင့် ခံယူမှု
ပန်းနုကျောက်ဆစ်အသွင်
မြင်သူတိုင်းအား အကြည့်ဖြင့်သိမ်းပိုက်သူ .. ။

“ ခုနှစ် ”
အို .. ချစ်သူလုံမ
ပထမဘ၀မှာ တွယ်ငင်သော
သံယောဇဉ်ပိုင်စိုးသူ
နှင်းမြူသည်းပွတ်၊ ဆွတ်ဆွတ်ဖြူစင်၍
အိပ်မက်အငွေအသက်ပမာ
ငါမြတ်နိုးသူ .. ငါ့အား ..
သနားသဖြင့် ဥပက္ခာသစ်ရိပ်မှ
ဖဲကျဉ်ခွင့်ရစေပါ။ ငါ့အား ..
ဝါမျှင်ဂွမ်းစကဲ့သို့ ချီမ၍
သင့်အနမ်း၍ကြွေသော ပန်းပွင့်ရေအိုင်ထက်
သက်စေပါဘိ။
သက်ရွက်လောင်းလှေဦးတွင်
သခင်မစံပါ။
ကဗျာသစ်ခက်ဖြင့်ပြုသော
လှော်တက်ကို ငါကိုင်မည်။
အောင်နိုင်ခြင်းနှင့် ဒဏ်သင့်သောငါ့အား
အသာယာဆုံး တိတ်ဆိတ်ခြင်းဖြစ်သည့်
အချိုမြိန်ဆုံးတေးချင်းကို
ဆိုခွင့်ပြုပါ ၊ ထိုအခါ ..
ကမ္ဘာမြေသည် သခင်မအပြုံး၌ပွင့်သော
ဆည်းဆာပန်းပွင့်သစ်၏
နှစ်ချို့ စပျစ်အရက်ပမာ
ငါမူးယစ်စွာ မွေ့ပျော်စေလိမ့်မည်။

“ ရှစ် ”
အားလုံးပြီးဆုံးသွားခဲ့ပြီ ..
“ မနှင်းဖြူ ”
အားလုံးပြီးဆုံးသွားပြီလေ၊
အခုတော့ ......

“ကိုး”
မြစ်တစ်စင်းမှာ သူ .. ငါ ..
နှစ်ခါရေမချိုးနိုင်
စီးဆင်းနေဆဲ အချိန်စက်ဝန်း
ပုံတူသွန်းလုပ်၊ အရုပ်ဆင်းတု
ပြုစုသူမဲ့ပေရဲ့ .. ။
ပစ္စုပ္ပန်မဲ့သောအခါ
အနာဂတ်မတည်စွမ်းသာ
သည်သို့ .. သံသရာရှိလျှင်အဆုံး၊ ငါမို့ဖြစ်ရင်း
ချစ်ခြင်းအပ မြဲစေ ..
ကျိန်စာဆိုခဲ့လေသလား
အို .. နတ်ဘုရားတို့ ။
အို .. ပိုင်ဆိုင်သူတို့ ။

သျှပ်မှူးကျော်

ကိုငှက်အမှတ်တရ - ၎

***အသက်သည် အိမ်မက်***

အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။

သျှပ်မှူးကျော်

ကိုငှက်အမှတ်တရ - ၅

*** အမေ***

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်

ကိုငှက်အမှတ်တရ - ၆

*** မြ***
အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် “မြ” သော မြားတစ်စင်းတည်၏။
သို့သော် “တေး” မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို ”မြ” သော စောင်းတစ်အိုးတည်၏။
သို့သော် “ကြိုး”မရှိ။

သျှပ်မှူးကျော်၊ မောင်မိုးကျော်၊ အရိုင်းဖြူ

ရွှေရောင်တွေထဲမှရွှေမြို့ တော်

ကျွန်တော်လက်ရှိ အလုပ်လုပ်နေသော မြို.လေးအကြောင်းရေးချင်လို့ပါ။ဒီမြို့ ကလေးကို ကျွန်တော်စရောက်တော့၂၀၀၃ခုနှစ်လောက်ကပါ။အဲဒီနေ့ကလေးကို အခုထိတိုင်အောင် သတိရနေဆဲပါ။ ရန်ကုန်ကစထွက်တော့ မနက်၇နာရီခွဲလောက် တော့ရှိနေပြီ။ထိုင်းရောက်တော့ ၈နာရီခွဲ၉နာရီ ပတ်ဝန်းကျင်၊ လေယာဉ်ကပြန်ထွက်မှာက ထိုင်းစံတော်ချိန် ညနေ၄နာရီမှာဖြစ်လို့ အချိန်အတော်များများရပါတယ်။အဲဒီတုန်းက ထိုင်းလေဆိပ်က အဟောင်းပဲရှိသေးတယ်။ပထမဆုံးရောက်ဖူးတာဆိုတော့ မြင်သမျှမရာတွေက ကျွန်တော့်အတွက် အဲဒီအချိန်မှာ အထူးအဆန်းတွေချည်းပဲ (တောသားမြိုတက်လာသလိုပေါ့)။ညနေ ၄နာရီကျတော့ ရန်ကုန်ကစီးလာသလို လေယာဉ်သေးသေးလေး မဟုတ်တော့ပဲ ဘိုးရင်းအမျိုးအစားTG-517လေယာဉ်အကြီးကြီးကိုစီးပြီးထိုင်းမှထွက်ခွာပါသည်။ လေယာဉ်ပေါ်မှာ၆နာရီကျော် ကြာအောင်တမေ့တမောစီးလာခဲ့ပြီးနောက် ဒေသစံတော်ချိန် ည၁နာရီ (တကယ်တော့နံနက်၁နာရီပါမှာထိုမြိုလေးသို့ဆိုက်ရောက်ပါတယ်။

လေယာဉ်ပေါ်ကနေ ကြည့်လိုက်တော့ ကုလားမီးထွန်းပွဲကျင်းပနေသလား အောက်မေ့ရတယ်။မီးတန်းများ တန်းစီလင်းလို့ ထိန်ထိန်လင်းနေတဲ့မြိုလေးတစ်မြို ကိုစတင်တွေ့ရှိရပါတယ်။လေယာဉ်ပေါ်ကနေ စထွက်လာတော့ မိမိနားမလည်နိုင်သော ညိမ့်ညောင်းလှတဲ့ဘာသာစကားတစ်မျိုးရဲ့ အဆက်မပြက်လွှင့်ထုတ်နေတဲ့အသံတွေကို စတင်ပြီး ကြားရပါတော့တယ်။ ရန်ကုန်ကစထွက်လာကတည်းက စဉ်းစားလာတဲ့ ဒီမြို့လေးက အထင်နဲ့တကယ်လက်တွေ တခြားစီပါပဲ။နေရာတကာ သစ်လွင်တောက်ပနေတဲ့ဒီမြို့လေးရဲ့ လေယာဉ်ဆိပ်နဲပင် ဒီမြိုလေးရဲအဆင့်အတန်းကို ခန်မှန်းသိရှိနိုင်ပါတယ်။လေဆိပ်ကထွက်လာတော့ ပူနွေးလှတဲ့လေပူလေနွေးတို့က ကျွန်တော့်ရဲမျက်နှာကို အတားအဆီးမရှိ ပွေ့ဖက်ကြိုဆိုပါတယ်။နောက်မှသိရတာက ကျွန်တော်ရောက်တဲ့ သြဂုတ်လက ဒီမြိုလေးရဲ့အပူချိန်အမြင့်မားဆုံးအချိန်တဲ့ဗျာ။ရေနွေးငွေနဲ့ ပေါင်းခံနေသလိုပါပဲ။

ကဲသင်တိုဒီလောက်ဆို ဘယ်လိုမြိုဆိုတာ ခန်မှန်းရလောက်ပြီပေါ့။အဲဒီမြို့လေးက ကန္တာရတိုင်း ရွှေမဲထွက်တဲ့နိုင်ငံများထဲက ရွှေမြိုတော်တစ်ခုဖြစ်တဲ့ ဒူဘိုင်းပါ။ဒူဘိုင်းဟာ အာရပ်စော်ဘွားများ ပြည်ထောင်စုမှာပါဝင်တဲ့ ဒုတိယမြိုတော်ဖြစ်ပြီး အစောဆုံးတိုးတက်ဖွင့်ဖြိုးသော ခေတ်မှီမြို့တော်မော်ဒန်စီးတီး(MordanCity)ပါ။အာရပ်စော်ဘွားများပြည်ထောင်စုသည်
အာရပ်ကျွန်းဆွယ်(Arabian Peninsula)ရဲ အရှေမြောက်ဘက်ကမ်းတွင်တည်ရှိပြီး ဆော်ဒီအာရေဗျ(Saudi Arabia)၊အိုမန်(Sultan of Oman)နိုင်ငံများနှင့် နယ်နမိတ်ထိစပ်နေသောအာရပ်ပင်လယ်ကွေ့ (Arabian Gulf)နှင့်အိုမန်ပင်လယ်ကွေ့ (Gulf of Oman)အကြားကမ်းခြေဒေသဖြစ်သည်။

အာရပ်စော်ဘွားများပြည်ထောင်စုတွင်ပါဝင်သောနိုင်ငံများမှာ-
၁။ အဘူဒါဘီ Abu Dhabi
၂။ ဒူဘိုင်း Dubai
၃။ ရှာဂျား Sharjah
၎။ အာခ်ျမာန် Ajman
၅။ အမ်အာကွီဝမ် Umm Al Quwian
၆။ ရပ်ဆဲလ်ခိုင်းမား Ras Al Khaimah
၇။ဖူဂျားရား Fujairah (မြို့တော်များကိုအစဉ်လိုက်စီထားတာပါ။ မြန်မာလိုအသံထွက်ကိုအဆင်ပြေအောင်ထွက်ထားတာပါ။သည်းခံပြီးဖတ်ပေးကြပါခင်ဗျား။)

AbuDhabiကနိုင်ငံတစ်ခုလုံးဧ။်၈၀ရာနှုန်းခန်ဧရိယာစတုရန်းကီလိုမီတာပေါင်း၃၈၈၅ရှိသောပထမအကြီးဆုံးရုံးစိုက်ရာမြို့ တော်ဖြစ်ပါသည်။ဒူဘိုင်းကတော့ စီးပွားရေးအချက်အချာကျသော ဒုတိယမြိုတော်ဖြစ်ပါသည်။ ရာဇ၀င်အရဒူဘိုင်းဟာ ဘီစီ၃၀၀၀ခန့်ကစပြီး ပါရှန်ပင်လယ်ကွေ့အတွင်း ကုန်စည်ဖလှယ်ရာ အရေးကြီးသောဆိပ်ကမ်းမြို (KindomofSumer)မှ စတင်ခဲခြင်းဖြစ်တယ်လို့ အာရပ်သုတေသီများက ဆိုထားပါသည်။အဲဒီမြိုတော်ကြီးဟာ ယူဖရေးတီး(Euphrates)နှင့် တိုက်ဂရစ်(Tigris)မြစ်နှစ်စင်းကြားတည်ရှိခဲ့သော စီးပွားရေးဖွံဖြိုးသော မြိုတော်ဖြစ်ပါသည်။ဒူဘိုင်းဟာ ဗြိတိသျှကိုလိုနီအဖြစ် ၁၈၉၂မှာရောက်ရှိသွားပြီး ၁၉၇၁မှစ၍ လွတ်လပ်သော အာရပ်စော်ဘွားများ ပြည်ထောင်စုအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပါသည်။ ၁၉၇၁အစတွင်အာရပ်စော်ဘွားများပြည်ထောင်စုမှာစုစုပေါင်း ၆နိုင်ငံသာရှိပြီး ၁၉၇၂ရောက်မှRasAlKhaimah၀င်ရောက်လာပြီးအားလုံးပေါင်း၇နိုင်ငံဖြစ်လာသည်။အုပ်ချုပ်မှုကို မြို့ တော်အလိုက်ဟု Sheik(ရှိတ်ခ်) ခေါ်သောစော်ဘွားသူဌေးများက ခေါင်းဆောင်အုပ်ချုပ်ကြသည်။ ဥပဒေကိုမြိုတော်အလိုက် အနဲငယ်ကွဲပြားမှုရှိပြီး ခုနှစ်ပြည်ထောင်အတွက်တူညီတဲ့ဥပဒေရှိပါသည်။